နိုင်ဂျီးရီးယား ရွေးကောက်ပွဲ လက်ရှိ သမ္မတဘဲ နိုင်

 သမ္မတ Goodluck Jonathan
ဓာတ်ပုံ ပုံစာ, သမ္မတ Goodluck Jonathan
ရေးသားခဲ့သည်။

နိုင်ဂျီးရီးယား နိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲ ကျင်းပနေရာမှာ ကနဦး ရလဒ်တွေ အရ လက်ရှိ သမ္မတ Goodluck Jonathan က ပထမ အဆင့်မှာတင် အပြတ်အသတ် အနိုင်ရပြီလို့ ယူဆရပါတယ်။

ရေနံထွက်ရာ နိုင်ဂျာ မြစ်ဝှမ်းက ခရစ်ယန် ဘာသာဝင် တယောက်ဖြစ်တဲ့ မစ္စတာ ဂျိုနသန်ဟာ လတ်တလော အခြေအနေမှာတင် သူ့ရဲ့ အဓိက ပြိုင်ဘက်လည်းဖြစ် အရင် စစ်တပ်ခေါင်းဆောင်ဟောင်း Muhammadu Buhari ထက် မဲနှစ်ဆလောက် အသာနဲ့ ရှေ့က ပြေးနေတာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ဘူဟာရီ ကတော့ နိုင်ငံမြောက်ပိုင်း မူဆလင်တွေ လွှမ်းမိုးရာ နေရာက ထောက်ခံမှု ရရှိသူ ဖြစ်ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံမှာ မဲအနိုင်ရဖို့ အတွက် ပြည်နယ်ပေါင်း ၃၆ခု မှာရှိတဲ့ မဲပေးသူ ဦးရေရဲ့ သုံးပုံနှစ်ပုံဆီက ထောက်ခံမှု ရရမှာ ဖြစ်ပြီး သမ္မတ ဂျိုနသန် က အနိုင်ရဖို့ လိုအပ်တဲ့ မဲအရေအတွက်ကို အလွယ်တကူ ရနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ မဲပေးမှု မဲရေတွက်မှုတွေ တည်ငြိမ် အေးချမ်းစွာ လုပ်ဆောင်ခဲ့ကြပြီးတဲ့နောက် စိတ်သက်သာရာရမှု အောင်ပွဲခံမှု အရိပ်အယောင်တွေ မြင်ရတယ်လို့ အဘူဂျာမြို့က ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။