အမှားရှိရင် ခွင့်လွှတ်ဖို့ ယီမင် သမ္မတ ဆာလေး တောင်းပန်

တိုင်းပြည် ထွက်ခွာသွားပြီ ဖြစ်တဲ့ သမ္မတ ဆာလေး
ဓာတ်ပုံ ပုံစာ, တိုင်းပြည် ထွက်ခွာသွားပြီ ဖြစ်တဲ့ သမ္မတ ဆာလေး
ရေးသားခဲ့သည်။

ယီမင်နိုင်ငံမှာ သူအုပ်ချုပ်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော် အတွင်း မှားယွင်းမှု တစုံတရာ ရှိရင် ခွင့်လွှတ်ပါလို့ သမ္မတ အလီ အဗ္ပဒူလာ ဆာလေးက တိုင်းပြည်က မထွက်ခွာခင် ပြည်သူ လူထုကို မိန့်ခွန်း ပြောရာမှာ ထည့်သွင်း ပြောဆို သွားခဲ့ပါတယ်။

သမ္မတ ဆာလေးဟာ အိုမန်နိုင်ငံကို ထွက်ခွာ သွားတာ ဖြစ်တယ်လို့ ယီမင် အရာရှိတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက သူ့အိမ်ခြံဝန်း အတွင်းမှာ တိုက်ခိုက်မှု ဖြစ်ပွားတုန်း ရခဲ့တဲ့ ဒဏ်ရာကို ထပ်မံ ဆေးကုသဖို့ လိုတာကြောင့် အမေရိကန်ကို သွားပြီး ဆေးကုမယ်လို့ သူ့မိန့်ခွန်း ထဲမှာ ဆိုသွားခဲ့ပြီး နောက်တော့ ယီမင်ကို ပြန်လာပါ့မယ်လို့ သမ္မတ ဆာလေးက ပြောပါတယ်။

အမေရိကန် အရာရှိတွေကတော့ သမ္မတ ဆာလေး အမေရိကန်မှာ ဆေးလာကုဖို့ ကိစ္စကို ခွင့်ပြု ထားပြီးပါပြီလို့ ဆိုပါတယ်။