ဆူမားတြား ဆင်ရိုင်း နှစ် ၃ဝ တွင်း မျိုးတုန်းသွားနိုင်

sumatra elephant
ဓာတ်ပုံ ပုံစာ, ဆူမားတြား ဆင်ရိုင်းစားကျက်တွေကို မကာကွယ်ရင် နှစ် ၃ဝ အတွင်း မျိုးတုန်းသွားနိုင်
ရေးသားခဲ့သည်။

ဆူမားတြား ဆင်ရိုင်းတွေရဲ့စားကျက်တွေကို ချက်ချင်းမကာကွယ်ရင် နှစ်ပေါင်း ၃ဝ အတွင်း မျိုးတုန်းပျောက်ကွယ်သွားနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေထွက်ပေါ် နေပါတယ်။

သစ်တောပြုန်းတီးမှုတွေကြောင့် ၁၉၈၅ က နေ ခုထိ အင်ဒိုနီးရှား ဆူမားတြား ကျွန်းပေါ်မှာရှိတဲ့ ဆင် ကောင်ရေ တဝက်ထိ ကျဆင်းနေပြီလို့ သဘာဝ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ WWF က ဆိုပါတယ်။

သစ်လုပ်ငန်း၊ ဆီအုန်းစိုက်ခင်းနဲ့ စက္ကူစက်တွေကြောင့် ဆူမားတြားသစ်တောတွေ ပျောက်ကွယ်ကုန်တာပါ။