တိဗက်အရေး ဆန္ဒပြသူ သေဆုံးမှု အမေရိကန်စိတ်ပူ

ဓာတ်ပုံ ရင်းမြစ်, bv
ရေးသားခဲ့သည်။
ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ဇီချွမ်း ပြည်နယ်မှာ တိဗက် လွတ်မြောက်ရေး ဆန္ဒပြ လူအုပ်ထဲကကို တရုတ် ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ တယောက် သေဆုံးပြီး သုံးဆယ် လောက် ဒဏ်ရာ ရသွားတဲ့ အတွက့် အလွန်အမင်း စိုးရိမ် ပူပန်မိတယ်လို့ အမေရိကန် အစိုးရ အရာရှိ တွေက ပြောပါတယ်။
လာမယ့်လမှာ တရုတ် ဒုတိယ သမ္မတ Xi Jinping အမေရိကန်ကို လာရင် ဒီကိစ္စကို တင်ပြလိမ့်မယ်လို့ အမေရိကန် အစိုးရ ပြောခွင့်ရသူ ဗစ်တိုးရီးယား နူလန်းက ဆိုပါတယ်။
တိဗက် လွတ်မြောက်ရေး ကို ထောက်ခံတဲ့ လူခုနှစ်ထောင် လောက်က ဒရက်ဂို ဒေသက အစိုးရ ရုံးတွေဆီ ချီတက် ဆန္ဒပြ ခဲ့ပြီးတဲ့နောက် အခုလို ပစ်ခတ်မှု ပေါ်ပေါက်ခဲ့တာလို့ တိဗက် အရေး တက်ကြွ လှုပ်ရှားတဲ့ အဖွဲ့က ပြောပါတယ်။
တရုတ် အစိုးရ ကတော့ ဒီသတင်းတွေက အပို ချဲ့ကား ပြောတာလို့ ဆိုပါတယ်။
















