အာဖဂန်က ပြင်သစ်တပ်တွေ တနှစ်စော ရုပ်သိမ်းတော့မယ်

အာဖဂန် သမ္မတ ဟာမစ် ခါဇိုင်း
ဓာတ်ပုံ ပုံစာ, အာဖဂန် သမ္မတ ဟာမစ် ခါဇိုင်း
ရေးသားခဲ့သည်။

ပြင်သစ်နိုင်ငံဟာ အာဖဂန်နစ္စတန်မှာ ချထားတဲ့ သူတို့တပ်ဖွဲ့ဝင် သုံးထောင်ခြောက်ရာ ကိုပြန်ရုပ်သိမ်းမယ့် အစီအစဉ်ကို ပိုပြီး မြန်ဆန်အောင် ဆောင်ရွက်နေပါတယ်။

NATO မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့က ဦးဆောင်တဲ့တပ်ဖွဲ့ဝင်တွေကိုပြန်ရုပ်သိမ်းဖို့ သတ်မှတ်ထားတဲ့ အချိန်ထက်တနှစ်စောပြီး ၂၀၁၃ ခုနှစ်အကုန်မှာ ပြင်သစ်တပ်ဖွဲ့တွေ အားလုံးကို ပြန်ရုပ်သိမ်းမယ်လို့ ပြင်သစ် သမ္မတ Nicolas Sarkozy ကပြောပါတယ်။

Mr Sarkozy က သူ့ရဲ့ ဆုံးဖြတ်ချက်ကို သမ္မတ အိုဘားမားနဲ့လည်းဆွေးနွေးမှာဖြစ်ပြီး အာဖဂန်နစ္စတန်မှာရှိတဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စအားလုံးကို အာဖဂန်တပ်ဖွဲ့တွေဆီ ရှေ့နှစ်မှာ အပြီး ပြန်လွှဲပြောင်းပေးဖို့ပြောမယ်လို့ဆိုပါတယ်။

ပဲရစ်စ်မြို့မှာ အာဖဂန်သမ္မတ Hamid Karzai နဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက် မစ္စတာ ဆာကိုဇီက အခုလို ထုတ်ဖော်ပြောခဲ့တာ ဖြစ်ပါတယ်။