ကုလ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ လာရောက် အကဲခတ်

ဓာတ်ပုံ ရင်းမြစ်, BBC World Service
ရေးသားခဲ့သည်။
မြန်မာနိုင်ငံ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု တွေ ကို အကဲခတ်ဖို့အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမ္မဂ အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကန်တားနား ဟာ မနက်ဖြန် အင်္ဂါနေ့ မှာ အလည်အပတ် ခရီးရောက်ရှိမယ်လို့ သိရပါတယ်။
ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုတွေနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံရဲ့ လူအခွင့်အရေး အခြေအနေတွေကို အကဲခတ်ဖို့ နဲ့ မနှစ်က ခရီးစဉ် ရဲ့ နောက်ဆက်တွဲ လုပ်ဆောင် ဖို့ ဖြစ်ပါတယ်။
မစ္စတာ ကန်တားနားဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေရေးဆွဲသူများ နဲ့ နောက်ဆုံး ဖွဲ့စည်းလိုက်တဲ့ အမျိုးသား လူ့အခွင့်အရေးကော်မရှင် နဲ့ တွေဆုံမှာဖြစ်ပါတယ်။

















