နိုင်ငံတကာ သတင်းသုံးသပ်ချက်

ရေးသားခဲ့သည်။
Indian Commonwealth Games
ဓာတ်ပုံ ပုံစာ, အလုပ်သမားတွေ ခေါင်းပုံဖြတ် ခံနေရတယ်ဆိုတဲ့ သတင်းတွေလည်း ရှိနေ

လာမယ့် အောက်တိုဘာလဆန်းမှာ အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ ဓနသဟာယ အားကစားပြိုင်ပွဲကြီး ကျင်းပတော့မှာပါ၊

ပွဲ နီးတဲ့ အချိန်အထိ အဆောက်အဦတွေ အဆင်သင့် မဖြစ်တာ၊ သန့်ရှင်း သပ်ရပ်မှုနဲ့ ပတ်သက်ပြီး စိတ်တိုင်းမကျစရာတွေ ရှိနေသေးလို့ ပွဲ ကျင်းပဖြစ်ပါ့မလားလို့တောင် မေးခွန်းတွေလည်းရှိနေပါတယ်။

ဒါပေမယ့် အိန္ဒိယ အစိုးရကတော့ ဒီပွဲကြီးကို ဂုဏ်ယူစရာ အခမ်းအနားကြီး အဖြစ် ကျင်းပဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

ဂုဏ်ယူသူတွေ ဂုဏ်ယူစရာ ဖြစ်သလို ဓနသဟာယ အားကစားပွဲ ဒေလီမှာ မကျင်းပရင်ကောင်းမယ်လို့ ယူဆသူတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း နိုင်ငံတကာ သတင်းသုံးသပ်ချက် အစီအစဉ်မှာ ကိုမင်းထက်က ပြောပြမှာပါ။