ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးကနေ ဘာရမလဲ

ရေးသားခဲ့သည်။
Oxford Live Radio Discussion
ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်နဲ့စပ်လို့ အောက်စဖို့မြို့ တက္ကသိုလ်ပန်းခြံတွင်းကနေ တိုက်ရိုက် တင်ဆက်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၇ ရက်ကြာ ဥရောပ ခရီးစဉ်ကနေ တိုင်းပြည်နဲ့ လူထုအကျိုးအတွက် ဘာတွေရနိုင်မလဲ၊ တိုက်ရိုက် ဆွေးနွေးခန်းကို နားဆင်နိုင်ကြပါတယ်။ အောက်စဖို့မြို့ တက္ကသိုလ် ပန်းခြံတွင်းကနေ ဘီဘီစီ ဝိုင်းတော်သား ကိုချိုက တိုက်ရိုက် တင်ဆက်ထားပြီး အောက်စဖို့မြို့နေ မြန်မာ့နိုင်ငံရေး လှုပ်ရှားသူ ကိုကောင်းမြတ်သူ၊ Burma Campaign UK က Campaign Officer မမေရီလှနဲ့ မမိုဘူးတို့က ပန်းခြံ မြက်ခင်းပြင် ဆွေးနွေးဝိုင်းမှာ အတူထိုင်လို့ ပါဝင် ဆွေးနွေး ထားကြပါတယ်။