မြန်မာနိုင်ငံမှာ တီဘီအဆုတ်ရောဂါ တားဆီးကာကွယ်ရေး
ရေးသားခဲ့သည်။

ဓာတ်ပုံ ရင်းမြစ်, Science Photo Library
ကမ္ဘာပေါ်မှာတီဘီ အဆုတ်ရောဂါ ဖြစ်ပွားမှုများနေတဲ့ နိုင်ငံ၂၀ကျော် ထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။ အခုအခါ ဆေးယဉ်ပါးတဲ့ တီဘီရောဂါမျိုးလည်း ဖြစ်ပွားနေတယ်လို့ မကြာမီက ပြုလုပ်တဲ့ အဆုတ်နဲ့ရင်ခေါင်းဌာန ဟောပြောပွဲအရ သိရှိရပါတယ်။
ဒီတော့ အသက်ရှူမှုကနေ ကူးစက်နိုင်တဲ့ တီဘီရောဂါကို မြို့ရောနယ်ပါ တနိုင်ငံလုံး တားဆီးကာကွယ်နိုင်အောင် ဘယ်လိုဆောင်ရွက်ကြမလဲ။
ပြည်သူလူထုကြားမှာ တီဘီရောဂါ တိုက်ဖျက်ရေးအပါအဝင် ကျန်းမာရေး ဗဟုသုတတွေ ဘယ်လောက်လိုအပ်နေသလဲ။
သောတရှင်တွေနဲ့အတူ ပုသိမ်မြို့နယ် ဆရာဝန်များအသင်း ဥက္ကဌ ဒေါက်တာစိုးဝင်း မြန်မာနိုင်ငံအမျိုးသားတီဘီ စီမံကိန်း တနိုင်ငံလုံးဆိုင်ရာ မန်နေဂျာ ဒေါက်တာ သန္တာလွင်တို့ပင်တိုင် ဆွေးနွေးသူအဖြစ် ပါဝင်ထားပါတယ်။