ဆရီနာ ဝီလီယမ်စ် Grand Slam ထပ်ရပြန်ပြီ

၂ဝဝ၂ ခုနှစ်တုန်းက (ဝဲ)နဲ့ ဒီနှစ် Grand Slam ဆုရတုန်းက ဆရီနာ ဝီလီယမ်စ်ရဲ့ ပုံတွေ
ဓာတ်ပုံ ပုံစာ, ၂ဝဝ၂ ခုနှစ်တုန်းက (ဝဲ)နဲ့ ဒီနှစ် Grand Slam ဆုရတုန်းက ဆရီနာ ဝီလီယမ်စ်ရဲ့ ပုံတွေ
ရေးသားခဲ့သည်။

ပြင်သစ် အိုးပင်း တင်းနစ် အမျိုးသမီး ပွဲစဉ် ဗိုလ်လုပွဲမှာ ဆရီနာ ဝီလီယမ်စ်က လက်ရှိ ချန်ပီယန် မာရီယာ ရှာရာ ပိုဗာကို ကစားချိန် တနာရီ လေးဆယ့် ခြောက်မိနစ် အတွင်း နှစ်ပွဲပြတ် ၆ - ၄ ၊ ၆ - ၄ နဲ့ အနိုင်ရပြီး Grand Slam ဆုကြီးကို ထပ်မံ ဆွတ်ခူးသွားခဲ့ပြန်ပါပြီ။

ကမ္ဘာနံပတ်တစ် အမေရိကန်သူ ဆရီနာ ဝီလီယမ်စ် အတွက် ဒါဟာ ပြင်သစ် အိုးပင်း ဂရင်းဆလမ်းကို ဒုတိယ အကြိမ်မြောက် ရရှိတာဖြစ်ပြီး သူဟာ အမျိုးသမီး တဦးချင်း ဂရင်းဆလင်းဆု ၁၆ခု ရရှိထားပြီး ဖြစ်ပါတယ်။