ဧဝရက်တောင်အမြင့် ပြန်တိုင်းဖို့ပြင်

ဓာတ်ပုံ ရင်းမြစ်, 6summitschallenge.com
ရေးသားခဲ့သည်။
ကမ္ဘာ့ အမြင့်ဆုံး ဧဝရက်တောင်ရဲ့ အမြင့်ကို ဒုတိယ အကြိမ် ပြန်ပြီး တိုင်းတာမှုတွေ လုပ်မယ်လို့ အိန္ဒိယ မြေတိုင်း ဌာနက ကြေညာ လိုက်ပါတယ်။
ဒါဟာ လွန်ခဲ့တဲ့ ၂ နှစ်က နီပေါ ငလျင်အပြီး ပြောင်းလဲမှုတွေ ကို လေ့လာဖို့ ဖြစ်ပါတယ်။
နှစ်လအတွင်း တရုတ် နီပေါ နယ်စပ် တောင်တွေပေါ်ကို လေ့လာဖို့ အဖွဲ့တဖွဲ့ စေလွှတ်မယ်လို့ အိန္ဒိယ မြေတိုင်း အရာရှိချုပ် က ပြောပါတယ်။
ငလျင်ကြောင့် ကမ္ဘာ့ အမြင့်ဆုံး ဧဝရက်တောင်ကြီး နိမ့်ကျ သွားနိုင်တယ်လို့ သိပ္ပံ ပညာရှင် တချို့က ယူဆပါတယ်။
ဟိမဝန္တာ တောင်တန်းကြီး အနောက်တောင်ဘက်ကို ၃ စင်တီမီတာ ရွေ့သွားတယ်လို့ တရုတ် အစိုးရဘက်ကလည်း ထုတ်ပြန်ပါတယ်။
လွန်ခဲ့တဲ့ ၆၂ နှစ်က အိန္ဒိယ တိုင်းတာချက် အရ ဧဝရက်တောင် အမြင့်ပေ ၂၉,ဝ၂၈ ပေ ရှိတယ် လို့ သိကြပါတယ်။















