ဂျာမနီ ရွေးကောက်ပွဲ အန်ဂလာမာကဲလ် အနိုင်ရ

စတုတ္ထ မြောက် ဝန်ကြီးချုပ် သက်တမ်း အတွက် အနိုင်ရမှာလည်း ဖြစ်ပါတယ်
ဓာတ်ပုံ ပုံစာ, စတုတ္ထ မြောက် ဝန်ကြီးချုပ် သက်တမ်း အတွက် အနိုင်ရမှာလည်း ဖြစ်ပါတယ်
ရေးသားခဲ့သည်။

ဂျာမနီ နိုင်ငံ ပါလီမန် ရွေးကောက် ပွဲတွေမှာ မဲပေး ခဲ့သူတွေကို ကောက်ခံတဲ့ စစ်တမ်းတွေ အရ ဝန်ကြီးချုပ် အန်ဂလာ မာကဲလ်ဟာ အနိုင် ရရှိနေ ပါတယ်။

ဒါဟာ စတုတ္ထ မြောက် ဝန်ကြီးချုပ် သက်တမ်း အတွက် အနိုင်ရမှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဓိက ပါတီကြီး ၂ ခုကတော့ အမတ်နေရာအများကြီး ရှုံးနေတာကို တွေ့ရပါတယ်။

ပြောင်းရွှေ့ ဝင်ရောက် မှုတွေကို ဆန့်ကျင်တဲ့ လက်ယာယိမ်း အမျိုးသားရေး ပါတီ AFD ပါတီ ကတော့ ၁၃ ရာခိုင်နှုန်းနဲ့ တတိယ နေရာက လိုက်နေ ပါတယ်။

AFD ပါတီဟာ ဖက်ဒရယ် ပါလီမန်မှာ ပထမဆုံး အကြိမ် အမတ် နေရာ ရရှိမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အန်ဂလာ မာကဲလ်ရဲ့ ပါတီ ကတော့ မဲအများဆုံး ရရှိနေပေမယ့် သူ့ရဲ့ ယူနီယံ ၂ ပါတီပေါင်း ဟာ ၁၉၄၉ ခုနှစ် နောက်ပိုင်း ဒီနှစ်ဟာ မဲအနည်းဆုံး ရရှိတာလည်း ဖြစ်ပါတယ်။

အဓိက ပြိုင်ဖက် ဖြစ်တဲ့ ဗဟိုလက်ဝဲယိမ်း ဆိုရှင် ဒီမိုကရက်တွေ ကတော့ ၂၀ ရာခိုင်နှုန်း အနိုင်ရနေ ပါတယ်။