ကယ်လီဖိုးနီးယား တောမီး သေဆုံးသူ ၂၁ဦး ရှိသွားပြီ

california, wildfire
ဓာတ်ပုံ ပုံစာ, ရှီကာဂိုမြို့ထက် ကြီးတဲ့ ဒေသလောက် တောမီးလောင်ကျွမ်း
ရေးသားခဲ့သည်။

အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ရှီကာဂိုမြို့ထက် ပိုကြီးတဲ့ ဒေသတခုလောက်ကို တောမီးတွေ အကြီးအကျယ် လောင်ကျွမ်းနေတဲ့အတွက် နိုင်ငံတဝန်းက မီးသတ်ကား အစင်း ၂၀၀ကျော်နဲ့ မီးသတ်သမားတွေကို အဲဒီကို အမြန် စေလွှတ်ထားပါတယ်။

ခရိုင်ပေါင်း ၈ခရိုင်မှာ တောမီးလောင်မှုပေါင်း ၂၂ခု ဖြစ်ပွားနေပြီး မီးသတ်သမား ၈ထောင်ကျော်နဲ့ ကြိုးစား မီးငြှိမ်းသတ်နေရတယ်လို့ ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး Jerry Brown က ပြောပါတယ်။

တောမီးလောင်မှုကြောင့် သေဆုံးသူပေါင်း ၂၁ဦး အထိ ရှိသွားပြီ ဖြစ်ပြီး လူရာနဲ့ ချီ ပျောက်ဆုံးနေသလို ထောင်ပေါင်းများစွာ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။

စပျစ်ခင်းတွေ အများအပြား အပါအဝင် နေအိမ်တွေ စီးပွားရေး အဆောက်အအုံတွေ ၃ထောင်ကျော်လောက်လည်း မီးလောင် ပျက်စီးသွားခဲ့ပါတယ်။