ထိုင်းဘုရင်တွေရဲ့ သင်္ဂြိုဟ်ပုံထုံးတမ်း

အသံဖိုင် ပုံစာ, ထိုင်းမှာ ဘုရင်တွေနတ်ရွာစံရင် ဘယ်လိုထုံးစံလုပ်ကြသလဲ
ရေးသားခဲ့သည်။

ထိုင်းဘုရင် ဘူမိဘောကို ထိုင်းရိုးရာ တော်ဝင် နန်းတွင်းထုံးစံ အတိုင်း ဈာပနအခမ်းအနားနဲ့ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာဆိုရင် ဘုရင်နတ်ရွာစံ ကံတော်ကုန်တဲ့ ဈာပနအခမ်းအနားက ကြုံတောင့်ကြုံခဲ ဖြစ်ပါတယ်။

မြန်မာပြည်နဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းမှာ ဘုရင်တွေ နတ်ရွာစံရင် ဘယ်လိုထုံးတမ်းတွေနဲ့ သင်္ဂြိုဟ်ကြသလဲ၊ မြန်မာဘုရင်တွေနဲ့ ဘာကွာခြားသလဲ ဆိုတာ အရှေ့တောင်အာရှ သမိုင်းနဲ့ယဉ်ကျေးမှုကိုလေ့လာနေသူ ဒေါက်တာ တင်မောင်ကြည် ကို ဆက်သွယ် မေးမြန်းထားပါတယ်။