ထရမ့်အတွက် မဲဆွယ်ရေးမှူးလုပ်ခဲ့သူကို ဖမ်းလိုက်ပြီ

ထရမ့်
ဓာတ်ပုံ ပုံစာ, ရုရှားနဲ့ ပူးပေါင်း ကြံစည် ခဲ့လို့ အရေးယူ ခံလရတာလား ဆိုတာ တိတိကျကျ မပြောနိုင်သေး
ရေးသားခဲ့သည်။

အမေရိကန် ပြည်ထောင်စု ပျက်လိုပျက်စီး ဖြစ်အောင် ကြံစည်ရာမှာ ပူးပေါင်းပါဝင်မှုနဲ့ ထရမ့် အတွက် ရွေးကောက်ပွဲ မဲဆွယ်ပွဲ မန်နေဂျာ လုပ်ပေး ခဲ့ဖူးသူ ပေါလ် မန်နာဖို့ကို ပုဒ်မတပ် တရားစွဲ လိုက်ပါတယ်။

အမေရိကန် ရွေးကောက်ပွဲရဲ့ ရလဒ်အပေါ် လွှမ်းမိုးနိုင်အောင် ကြိုးစားခဲ့တဲ့ ရုရှားနဲ့ ပူးပေါင်း ကြံစည် ခဲ့လို့ အခုလို အရေးယူ ခံလာရတာလား ဆိုတာ တိတိကျကျ မပြောနိုင်သေးဘူးလို့ ဝါရှင်တန်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

မစ္စတာ မန်နာဖို့ရော၊ သူ့ရဲ့ လက်ထောက် မဲဆွယ်မှုး အဖြစ် တာဝန်ယူခဲ့သူ ရစ်ခ်ဂိတ်စ် ဆိုသူရော အမေရိကန် ထောက်လှမ်းရေး FBI ထံ အောက်တိုဘာ ၃ဝ ရက်၊ တနင်္လာနေ့က လာရောက် အဖမ်း ခံခဲ့ကြပါတယ်။

ထရမ့်
ဓာတ်ပုံ ပုံစာ, FBI ထံ လာရောက် အဖမ်းခံ

သမ္မတ ထရမ့်ရဲ့ လက်ရှိ အစိုးရ အဖွဲ့ကတော့ မစ္စတာ မန်နာဖို့ဟာ မဲဆွယ်ကာလတုန်းက မန်နေဂျာ အဖြစ် ထရမ့် အတွက် ခေတ္တသာ တာဝန်ယူခဲ့သူ တစ်ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

မစ္စတာ မန်နာဖို့နဲ့ ပတ်သက်တဲ့ စွပ်စွဲမှုတွေ အများအပြား ရှိလာချိန်မှာ မန်နေဂျာ အဖြစ်က နှုတ်ထွက် စေခဲ့တယ်လို့လည်း ထရမ့် အစိုးရက တုံ့ပြန် ထားပါတယ်။

မစ္စတာ မန်နာဖို့ကို တိုင်းပြည် ပျက်စီးရာ ပျက်စီးကြောင်း ပူးပေါင်း ကြံစည်မှုနဲ့ သာမက ငွေမည်း ခဝါချမှု အပါအဝင် နိုင်ငံခြား အဖွဲ့အစည်းတစ်ခုရဲ့ ကိုယ်စားလှယ် အဖြစ် မှတ်ပုံ တင်မထားမှု၊ နိုင်ငံခြား ဘဏ်စာရင်းတွေ ရှိကြောင်း အသိပေးရန် ပျက်ကွက်မှုတွေလို တခြား ပုဒ်မ တချို့နဲ့ပါ ကြားနာ စီရင်ဖို့ ဂရင်းဂျူရီ အဖွဲ့က ဆုံးဖြတ် ထားပါတယ်။

ဗီဒီယို ပုံစာ, သား ဒေါ်နယ် ထရမ့်