ပူတင်နဲ့တော်တော်လေး ဆွေးနွေးဖြစ်ကြောင်း ထရမ့်တွစ်တာမှာပြော

ခေါင်းဆောင်နှစ်ယောက်ဟာ ဒီ APEC ထိပ်သီးအစည်းအဝေးမှာ သီးခြား မတွေ့ဆုံဖြစ်ပေမဲ့ သုံးကြိမ်လောက်တော့ ကြိုးကြား ကြိုးကြား တွေ့ဆုံဖြစ်
ဓာတ်ပုံ ပုံစာ, ခေါင်းဆောင်နှစ်ယောက်ဟာ သီးခြား မတွေ့ဆုံဖြစ်ပေမဲ့ သုံးကြိမ်လောက်တော့ ကြိုးကြား ကြိုးကြား တွေ့ဆုံဖြစ်
ရေးသားခဲ့သည်။

အေပက် ထိပ်သီး ဆွေးနွေးပွဲတွင် ပူတင်နှင် ့ဆှေးနှေးမှုမှာ ကောင်းမွန် အကျိုးရှိခဲ့ကြောင်း ထရမ့်က သူ့ကိုယ်ပိုင်တွစ်တာအကောင့်မှာ ဖော်ပြခဲ့ပါတယ်။

ထရမ့်က နှစ်နိုင်ငံကြား ဆက်ဆံရေး ကောင်းလာမှာကို မလိုလားပဲ နှောင့်ယှက်နေသူတွေကိုလည်း "အမုန်းပွားသူများ နှင့် အရူးများ" ဟု သူ က တွစ်တာမှာ ရေးခဲ့ပါသေးတယ်။

စောစောပိုင်းမှာ ရုရှသမ္မတပူတင်ဟာ ၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲနဲ့ ပတ်သတ်လို့ ရုရှက စွက်ဖက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေဟာ စော်ကားသလို ခံစားရတယ်လို့ သူ့ကို ပြောပြကြောင်း သမ္မတ ထရမ့်က ပြန်ပြောခဲ့ပါတယ်။

အမေရိကန် ထောက်လှမ်းရေးအဖွဲ့တွေရဲ့ ကောက်ချက်အရ ရှရုဟာ ရွေးကောက်ပွဲရလဒ်ကို မစ္စတာထရမ့် အသာစီးရအောင် ကူခဲ့တယ်လို့ ပြောထားပါတယ်။

ထရမ့်က " ပူတင်က ကျနော်တို့ရဲ့ ရွေးကောက်ပွဲကို ဘာမှ ဝင်မနှောင့်ယှက်ဘူးလို့ " လို့ပြောခဲ့ပါတယ်။

သမ္မတ ထရမ့်ရဲ့ အခုလို တွစ်လုပ်တာတွေဟာ အမေရိကန် ထောက်လှမ်းရေးက တွေ့ရှိချက် သုံးသပ်ချက်တွေကို မဟုတ်ကြောင်း ဆန့်ကျင်ပြလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီပြောဆိုမှုတွေအပေါ် အမေရိကန်တွေက ပြန်ဝေဖန်မှုတွေများတဲ့အခါမှာတော့ ထရမ့်က အေဂျင်စီရဲ့ ကောက်ချက်တွေအပေါ် မယုံပေမဲ့ အေဂျင်စီနဲ့ အတူရှိပါတယ်လို့ ပြန်ဖြည် ပြောခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ယောက်ဟာ ဒီ APEC ထိပ်သီးအစည်းအဝေးမှာ သီးခြား မတွေ့ဆုံဖြစ်ပေမဲ့ သုံးကြိမ်လောက်တော့ ကြိုးကြား ကြိုးကြား တွေ့ဆုံဖြစ်ပြီး တွေ့တိုင်း ဆီးရီးယားအရေးနဲ့ အမေရိကန် ရွေးကောက်ပွဲ ကိစ္စကို ပြောဖြစ်ကြတယ်လို့ ထရမ့်က ဆိုပါတယ်။

မစ္စတာ ထရမ့်ကို အမြဲဝေဖန်နေတဲ့ ရီပက်ဗလက်ကင် အမတ် ဂျွန်မတ်ကိန်းကတော့ ရုရှထောက်လှမ်းရေး KGB ခေါင်းဆောင် တယောက်ရဲ့ စကားကို အမေရိကန်ထောက်လှမ်းရေးတွေ ပြောတာထက် ယုံတယ် ဆိုတာကတော့ ထရမ့်ဟာ တုံးလွန်းတယ်လို့ ဝေဖန်လိုက်ပါတယ်။

အမေရိကန်ထောက်လှမ်းရေး CIA က အမေရိကန် မီဒီယာတွေကို ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ရှရုဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဝင်စွက်ဖက်ခဲ့တယ်ဆိုတဲ့ အချက်ဟာ မပြောင်းလဲဘူးလို့ ထည့်ပီး ကြေညာထားပါတယ်။

ထရမ့်ရဲ့ တွစ်တာထဲမှာတော့ သူ့အရင်အရှေ့က အမေရိကန် သမ္မတဟောင်း အိုဘားမားဟာ သမ္မတ ပူတင်နဲ့ ဆက်ဆံရေး မကောင်းဘူးလို့ တွစ်လုပ်ထားပါတယ်။