မလာဒစ်ချ်ကို ထောင်ဒဏ်တစ်သက် အမိန့်ချ

ဓာတ်ပုံ ရင်းမြစ်, AFP
ရေးသားခဲ့သည်။
၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကြောင့် ဘော့စနီးယား ဆာ့ဘ်တပ်ဖွဲ့ရဲ့ ဗိုလ်ချုပ်ကြီးဟောင်း မလာဒစ်ချ်ကို နိုင်ငံတကာ ရာဇဝတ် ခုံရုံးက ထောင်ဒဏ် တစ်သက် အမိန့်ချမှတ်လိုက်ပါတယ်။
မစ္စတာ မလာဒစ်ချ်ဟာ ဘော့စနီးယားစစ်ပွဲအတွင်း လူမျိုးတုံးသတ်ဖြတ်မှု၊ လူမဆန်တဲ့ ရာဇဝတ်မှုတွေနဲ့ အပြစ်ရှိကြောင်း သည်ဟိတ်မြို့မှာရှိတဲ့ ခုံရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
သူဟာ ၁၉၉၅ တုန်းက ဆရီဘရက်နီကာမှာ ဘော့စနီးယားမူဆလင် လူကြီးနဲ့လူငယ်အမျိုးသား ၇ ထောင်ကျော်ကို သတ်ဖြတ်မှုမှာ လူမျိုးတုံး သတ်ဖြတ်မှုနဲ့လည်း အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ပါတယ်။
ဆာရာယေဘိုကို ဗုံးကြဲတိုက်ခိုက်ဖို့ အမိန့်ပေးမှုမှာလည်း ဗိုလ်ချုပ်ကြီး မလာဒစ်ချ်မှာ တာဝန်ရှိတယ်လို့ နိုင်ငံတကာ ရာဇဝတ် ခုံရုံးက ဆုံးဖြတ်ပါတယ်။















