ကွယ်လွန်သွားတဲ့ ဖခင်ထံက နောက်ဆုံးစာ

ရေးသားခဲ့သည်။
အမေရိကန်မှာ Bailey Sellers ဆိုတဲ့ မိန်းကလေး အတွက် သူအသက် ၂၁ နှစ် အထိ နှစ်စဉ် မွေးနေ့ရောက်တိုင်း ပန်းစည်းပို့ပေးဖို့ လွန်ခဲ့တဲ့ ငါးနှစ်က ကင်ဆာနဲ့ ကွယ်လွန်သွားခဲ့တဲ့ ဖခင်ဖြစ်သူက စီစဉ်ပေးခဲ့ပါတယ်။
ဖခင် ကွယ်လွန်ချိန်မှာ သူ့အသက် ၁၆ နှစ်သာ ရှိသေးတာ ဖြစ်ပါတယ်။
အခု သူ့အသက် ၂၁နှစ်ပြည့် မွေးနေ့မှာ ဖခင်ဖြစ်သူ စီစဉ် ရေးသားပေးပို့ခဲ့တဲ့ စာနဲ့ပန်းကို လူမှုကွန်ယက်မှာ တင်လိုက်တဲ့အခါမှာ လူအများက သနားဂရုဏာ သက်ခဲ့ကြတာ ဖြစ်ပါတယ်။
နောင်တချိန်မှာ ပြန်လည်မဆုံခင် အဖေရေးခဲ့တဲ့ နောက်ဆုံး မေတ္တာစာ ပါလို့ အစချီပြီး ရေးထားတာ ဖြစ်ပါတယ်။















