ရွှေ့ပြောင်းအလုပ်သမားတွေကို တရုတ်နှင်ထုတ်

တရုတ်
ဓာတ်ပုံ ပုံစာ, တရုတ် ခေါင်းဆောင် ရှီကျင်းပင်
ရေးသားခဲ့သည်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ရွှေ့ပြောင်း အလုပ်သမား တော်တော်များများကို သူတို့နေအိမ်တွေကနေ အာဏာပိုင်တွေက အတင်းအကျပ် နှင်ထုတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ဘေဂျင်းမှာ မီးလောင်မှု ဖြစ်ခဲ့လို လူ၁၉ယောက် သေဆုံးခဲ့ပြီးနောက်မှာ အခုလို နှင်ထုတ်တာ ဖြစ်ပါတယ်။

မီးလောင်မှု ဖြစ်ပြီးပြီးချင်းမှာဘဲ မြူနီစပယ် အာဏာပိုင်တွေက မြို့တလွှားမှာ လုံခြုံဘေးအန္တရယ်ကင်းရေး ဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဘေးအန္တရာယ်ရှိစေနိုင်ပြီးတရားမဝင် အဆောက်အအုံတွေကနေ လူတွေကို ဖယ်ရှားခဲ့သလို အဲဒီလိုမျိုး အဆောက်အအုံတချို့ကိုလည်း ဖျက်ဆီးပစ်ခဲ့ပါတယ်။

ဘေဂျင်းမြို့က အဆင်းရဲဆုံး လူတွေ နေထိုင်ရာ ရပ်ကွက်တွေကို ပစ်မှတ်ထားပြီး အခုလို လုပ်ဆောင်ခဲ့တာပါ။

နှင်ထုတ်ခံရတဲ့ ရွှေ့ပြောင်း အလုပ်သမား တချို့ဆိုရင် မိနစ်ပိုင်း အတွင်းအသိပေးပြီး မောင်းထုတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဒီစွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိဘူးလို့ မြို့တော် အာဏာပိုင် အရာရှိတွေက ပြောပါတယ်။