ပုပ် ဖရန်စစ် ဘင်္ဂလားဒေ့ရှ် ရောက်

pope
ဓာတ်ပုံ ပုံစာ, အပြန်ခရီးမှာ နှုတ်ဆက်သူတွေ
ရေးသားခဲ့သည်။

ပုပ်ရဟန်းမင်း ဖရန်စစ် ဟာ မြန်မာပြည် ရန်ကုန်က ထွက်ခွာပြီး ဘင်္ဂလားဒေ့ရှ် မြို့တော် ဒါကာကို ကြာသပတေး နေ့ မှာ ဆိုက်ရောက် လာပါတယ်။

ဒါဟာ အနှစ် ၃ဝ အတွင်း အဲဒီနိုင်ငံကို ပထမဆုံး လာတဲ့ ပုပ်ရဟန်းမင်း တပါးရဲ့ ခရီးလည်း ဖြစ်ပါတယ်။

သူ့ကို လေဆိပ်မှာ ဘင်္ဂလားဒေ့ရှ် သမ္မတ အဗ္ဗဒူလ် ဟာမစ် ကိုယ်တိုင် ဆင်းပြီး ကြိုဆိုပါတယ်။

ဗီဒီယို ပုံစာ, နိုင်ငံတော် သံဃမဟာနာယက အဖွဲ့နဲ့ ပုပ်ရဟန်းမင်းကြီး တွေ့ဆုံ
pope
ဓာတ်ပုံ ပုံစာ, ရန်ကုန် စိန်မေရီ ဘုရားကျောင်းမှာ ဘာသာဝင်တွေနဲ့ နှုတ်ဆက်
ဗီဒီယို ပုံစာ, မြန်မာပြည် ကက်သလိပ် ခရစ်ယာန် သာသနာ သမိုင်း

ဒါကာ မှာ ၃ ရက်ကြာ ရောက်နေတုန်း ရဟန်းမင်းကြီးနဲ့ ရိုဟင်ဂျာ ဒုက္ခသည် တချို့နဲ့ တွေ့ဖို့လည်း ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ် သမ္မတ အိမ်တော်မှာ သူ မိန့်ခွန်းပေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ဗီဒီယို ပုံစာ, ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံရောက်ရှိ