သက်တမ်းနှစ်ရာချီနေတဲ့ အပင်တွေကို မြေပုံနဲ့ မှတ်တမ်းတင်မယ်

Oak at Blenheim
ဓာတ်ပုံ ပုံစာ, ဘလန်နမ် နန်းတော်က ဝက်သစ်ချပင် ၂၉၁ ပင်မှာ ပင်စည်လုံးပတ် ၁၆ ပေလောက်ရှိ
ရေးသားခဲ့သည်။

ရှေးဟောင်း သက်တမ်းရင့် အပင်ကြီးတွေ ခုတ်လှဲမခံရအောင် ကာကွယ်နိုင်ဖို့အတွက် သူတို့ကို ရှာဖွေ ဖော်ထုတ်ပေးဖို့ သစ်ပင်စောင့်ရှောက်ရေး အဖွဲ့တဖွဲ့က ဗြိတိန်တဝှမ်းက ပြည်သူတွေကို နှိုးဆော် လိုက်ပါတယ်။

ဝုဒ်လန်းထရပ်စ်အဖွဲ့မှာ စာရင်းပြုထားတဲ့ သစ်ပင် ၁၆ဝ,ဝဝဝ ရှိပါတယ်။ ဒီထက် ထောင်ချီပြီး ကျန်နိုင်သေးတယ်လို့လည်း ဆိုပါတယ်။

ဒီအပင်တွေကို ကာကွယ်ဖို့ သူတို့ ဘယ်နားမှာ ရှိတယ်ဆိုတာ သိဖို့လိုတယ် လို့လည်း ဒီအဖွဲ့က ကိုင်လီ ဟာရစ်ဆန်-မယ်လာက ပြောပါတယ်။

ဥရောပတိုက်မှာ ရှေးဟောင်း ဝက်သစ်ချပင်တွေ အများဆုံး တစုတစည်းတည်း ရှိတဲ့ နေရာက အောက်စဖို့ဒ်ရှိုင်းယားနယ်က ဘလန်နမ်နန်းတော် ဖြစ်တယ်လို့လည်း ဒီအဖွဲ့က ပြောပါတယ်။

အနည်းဆုံး ပင်စည်လုံးပတ် ၁၆ ပေလောက်ရှိတဲ့ ဝက်သစ်ချပင် ၂၉၁ ပင်ကိုလည်း ဒီနန်းတော် ခြံဝင်းထဲမှာ အဖွဲ့က တွေ့ရှိခဲ့ပါတယ်။

' အကြီးဆုံးနဲ့ အဖုအထစ်အများဆုံး'

ဒီခြံဝင်းကြီးထဲ ရောက်သွားရင် ခေတ်ဟောင်း ပြန်ရောက်သွားတာနဲ့ တူတယ်လို့လည်း သုတေသီ တယောက်က ပြောပါတယ်။

ဒီအပင်တွေ ထားရှိတဲ့ ဟိုက်ပတ် ခေါ်တဲ့ နန်းတော်ဝင်းထဲက နေရာကို ပြင်ပလူတွေ လာကြည့်ခွင့် မပေးဘဲ ထားထားပါတယ်။

အဲဒီမှာ အရေးကြီးတဲ့ သစ်ပင် ၂၂ဝ လောက်ရှိလို့ပါ။

ဝုဒ်စတော့အရပ်မှာ ရှိတဲ့ ဒီနန်းတော်ဟာ ကမ္ဘာ့အမွေအနှစ် နေရာတခု ဖြ်စပြီး ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း ဆာဝင်စတန်ချာချီ မွေးဖွားတဲ့ နေရာလည်း ဖြစ်ပါတယ်။

Oak at Blenheim
ဓာတ်ပုံ ပုံစာ, ဘလန်နမ် ပန်းခြံထဲက အပင် ၂၂ဝ ကို ထိန်းသိမ်းဖို့လိုအပ်
Presentational white space

"ဒီရှေးဟောင်းအပင်ကြီးတွေဟာ အထွားဆုံး၊ အဖုအထစ်အများဆုံးနဲ့ အံ့သြစရာအကောင်းဆုံး သစ်ပင်ကြီးတွေပါ" လို့ မစ္စ ဟာရစ်ဆန်-မယ်လာက ပြောပါတယ်။

ဒီအပင်တွေမှာ ပြောစရာ ဇာတ်ကြောင်းတွေ အများကြီး ရှိပြီး ဒေသတွင်းက သစ်ပင် တိရစ္ဆာန်တွေကို ထောက်ပံ့ ကူညီမှု များတယ်လို့လည်း ဆိုပါတယ်။

" အစိုးရ စောင့်ရှောက်မှုအောက်မှာ ပိုပြီး ထိန်းသိမ်းမှု ကောင်းလာတာကို မကြာခင်က တွေ့ရပါတယ်။ ဒါပေမဲ့ ဒီအပင်တွေ ဘယ်နားရှိမှန်း မသိရင် ဒီအပင်တွေ မပျက်စီးအောင် စောင့်ရှောက်ဖို့ မလှုပ်ရှားနိုင်ပါဘူး"

"စာရင်းမှာ မပါသေးတဲ့ အပင်တွေ ထောင်နဲ့ချီ ကျန်ပါသေးတယ်၊ နောက်ထပ် စာရင်းတင်ဖို့ အပင်ကြီးတွေ အများကြီး ကျန်နိုင်ပါသေးတယ်" လို့လည်း သူက ဆိုပါတယ်။

Ancient oak at Blenheim
ဓာတ်ပုံ ပုံစာ, ရှေးဟောင်းသစ်ပင်ကြီးတွေကို အစိုးရ စောင့်ရှောက်မှု ပိုကောင်းကောင်းရလာပြီ
Presentational white space