ဘော့စနီးယား အစုလိုက် သတ်မှု စီရင်ချက်

ဓာတ်ပုံ ရင်းမြစ်, AFP
ရေးသားခဲ့သည်။
ဘော့စနီးယား ဆာ့ဘ် လူမျိုး ၃ ယောက်နဲ့ ဆလိုဗေး နီးယား နိုင်ငံသား တဦးကို ၁၉၉၅ ခုနှစ်က ဆာဘရီနီကာ မှာ ဖြစ်ပွားခဲ့တဲ့ အစုအပြုံလိုက် လူသတ်ပွဲမှာ ပါဝင်ခဲ့မှုနဲ့ ဘော့စနီးယား တရားရုံး က ထောင်ဒဏ် ၄၃ နှစ် ထိ ပြစ်ဒဏ် ချမှတ် ခဲ့ပါတယ်။
ဘရန်ဂျာဗိုက စစ်တပ် စိုက်ခင်းတွေမှာ လူ ၈ဝဝ လောက် သတ်ဖြတ် ခံရမှုမှာ အပြစ်ရှိကြောင်း ဆုံးဖြတ် ခဲ့တာပါ။
ဆာဘရီနီစာမှာ ဘော့စနီးယား မွတ်ဆလင် အမျိုးသားနဲ့ ယောက်ျားလေး စုစုပေါင်း ရှစ် ထောင်လောက် ပစ်သတ် ခံခဲ့ရတဲ့ အထဲက တနေရာသာ ဖြစ်ပါတယ်။
ဒီ ဘော့စနီးယန်း ဆာ့ဘ် တပ်ဖွဲ့ ဝင်ဟောင်း ၄ ယောက်ကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ တော့ မစွဲဆို နိုင်ခဲ့ပါဘူး။
လူမျိုးတုံး သတ်ဖြတ်မှုကို ရည်ရွယ်ချက် ရှိရှိ နဲ့ သူတို့ ကျူးလွန်ခဲ့ကြောင်း သက်သေ မပြနိုင်ဘူးလို့ တရားသူကြီးက ဆိုပါတယ်။
















