ဥရောပ ကြွေးပူလို့ အကူအညီလျှော့

ဓာတ်ပုံ ရင်းမြစ်, PA
ရေးသားခဲ့သည်။
ဥရောပ နိုင်ငံ တွေက ဆင်းရဲတဲ့ တိုင်းပြည် တွေကို ထောက်ပံ့တဲ့ ငွေအင်အား ဆယ်စု နှစ် အတွင်း ပထမဆုံး ကျဆင်း လာတယ်လို့ နိုင်ငံတကာ အကူအညီ ပေးရေး ကျွမ်းကျင်သူ တွေက ဆိုပါတယ်။
ဥရောပ ကြွေးမြီ ပြဿနာ ကြောင့် နိုင်ငံ အများ အပြား အကူအညီ ခွဲတမ်းတွေ လျှော့ချ ခဲ့ရတယ်လို့ ဒေတာ စောင့်ကြည့် အဖွဲ့က ထုတ်တဲ့ အစီရင်ခံစာက ဆိုပါတယ်။
စပိန်နဲ့ ဂရိမှာ အဆိုးရွားဆုံး ဖြတ်တောက်ခဲ့ပါတယ်။
ဥရောပရဲ့ နိုင်ငံတကာ အတွက် အကူငွေရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်း ယေဘုယျ ဖြတ်တောက်ခဲ့တယ် လို့ သိရပါတယ်။
စပိန် ဘဏ်တွေကို ထောက်ပံ့မယ်လို့ မကြာခင်က သဘောတူ ခဲ့တဲ့ ဘီလျံ ရာနဲ့ချီတဲ့ ယူရို ငွေတွေနဲ့ စာရင် ဒီ ကူညီရေး ခွဲတမ်း အတွက် ဥရောပမှာ လျာထား ခဲ့တဲ့ ငွေပမာဏက နည်းပါတယ်လို့ ဒေတာ အဖွဲ့က ဆိုပါတယ်။

















