အစ္စလာမ် ဝါဒီ တပ်ဖွဲ့တွေ Gao မြို့ကို သိမ်းယူ

မာလီနိုင်ငံက လက်နက်ကိုင် တပ်ဖွဲ့တွေ
ဓာတ်ပုံ ပုံစာ, မာလီနိုင်ငံက လက်နက်ကိုင် တပ်ဖွဲ့တွေ
ရေးသားခဲ့သည်။

မာလီ နိုင်ငံမြောက်ပိုင်းက အချက်အချာကျတဲ့ Gao မြို့ကို အယ်ကိုင်းဒါး အဖွဲ့နဲ့ ဆက်စပ်နေတဲ့ အစ္စလာမ် ဝါဒီ တပ်ဖွဲ့တွေက သိမ်းလိုက်ပြီလို့ သတင်းရရှိပါတယ်။

တွားရက်ဂ် သူပုန်တွေရဲ့ ဌာနချုပ်တွေ အပါအဝင် အဲဒီသူပုန်တွေ ထိန်းချုပ်ထားတဲ့ တခြား အဆောက်အဉီတွေကိုပါ အစ္စလာမ် ဝါဒီ တပ်ဖွဲ့တွေက သိမ်းယူ လိုက်ပြီး သူတို့ အလံတွေ လွှင့်ထူတားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တွားရက် သူပုန်တွေ ထွက်ပြေးသွားကြပြီလို့ မာလီမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် တယောက်ကလည်း ဆိုပြီး အနည်းဆုံး လူနှစ်ဆယ် သေဆုံးသွားတယ်လို့ သိရ ပါတယ်။

မာလီမှာ စစ်တပ်က အာဏာသိမ်းခဲ့ ပြီးတဲ့နောက် အခုနှစ် အစောပိုင်းမှာ နိုင်ငံမြောက်ပိုင်းကို ထိန်းချုပ်လာတဲ့ အစ္စလာမ် ဝါဒီ စစ်သွေးကြွ တွေနဲ့ တွားရက် သူပုန်တွေကြား တင်းမာမှုတွေ ပိုပြီး ကြီးထွားလာနေတာ ဖြစ်ပါတယ်။