ကြွေးမြီ အရေး ဥရောပ ခေါင်းဆောင်တွေ ဆွေးနွေး

Euro
ဓာတ်ပုံ ပုံစာ, ကြွေးမြီ ပြဿနာ ဖြေရှင်းရေးမှာ သဘောထား ကွဲပြားမှုတွေ ရှိနေ
ရေးသားခဲ့သည်။

ယူရို ငွေကြေး သုံးစွဲတဲ့ နိုင်ငံတွေမှာ ကြုံတွေ့ နေရတဲ့ အကျပ်အတည်း တွေကို ဘယ်လို ကိုင်တွယ်မယ် ဆိုတာနဲ့ ပတ်သက်ပြီး အကြီးအကျယ် သဘောထား ကွဲလွဲ နေကြ တာကို ဖြေရှင်းဖို့ ဘရပ်ဆဲလ် မြို့မှာ ဥရောပ ခေါင်းဆောင်တွေ နှစ်ရက်ကြာ တွေ့ဆုံ ပွဲ စတင် နေပါပြီ။

ကြွေးမြီ တွေကို ဥရောပ နိုင်ငံ အားလုံးက မျှဝေ ကျခံဖို့ အဆိုကို ဂျာမနီ ဝန်ကြီးချုပ် အင်ဂလာ မာကဲလ် က ဆန့်ကျင် နေပြီး ကျန်တဲ့ နိုင်ငံတွေ ကတော့ ဒီနည်း အားဖြင့်သာ ယူရိုငွေကြေး စံနစ်ကို ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ ဆိုနေ ပါတယ်။

ညီလာခံ တက်ဖို့ ရောက်လာ တဲ့ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းက၊ ဥရောပကို ဒီထက်ပိုပြီး ပေါင်းစည်းဖို့ ပြင်သစ် နိုင်ငံက အသင့်ဘဲလို့ ဆိုခဲ့ ပေမယ့် ဒီလိုလုပ်ဖို့ အတွက် အဆင့်တိုင်းမှာ စည်းလုံး ညီညွတ်ကြဖို့ လိုကြောင်း ပြောပါတယ်။

ဒီ အစည်းအဝေး မှာ စပိန်နဲ့ အီတလီ နိုင်ငံတို့က ငွေချေးငှားတဲ့ အခါ ပေးရတဲ့ အတိုးနှုန်းတွေ ကြီးမြင့် နေတာကို လည်း ဆွေးနွေး ကြဖို့ ရှိပါတယ်။