အိန္ဒိယ အာသံပြည်နယ်မှာ မိုးများပြီး ရေကြီး

ဓာတ်ပုံ ရင်းမြစ်, Reuters
ရေးသားခဲ့သည်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ရေကြီးနေတဲ့အတွက် လူတသန်းလောက်ဟာ အိုးအိမ်တွေကို စွန့်ခွာခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်လောက်အတွင်း အသည်းထန်ဆုံး မိုးရွာသွန်းခဲ့တဲ့အတွက် အာသံပြည်နယ်မှာ မိုးရေကြီးနေတာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အိမ်အများအပြားဟာ ရေထဲကို မျောပါကုန်ခဲ့ပြီး သေကြေမှု အရေအတွက်က အခုချိန်ထိ လူ ၂၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လူတွေဟာ မြေမြင့်ရာကို ထွက်ခွာပြီး ဖြစ်သလို တဲထိုးနေကြပေမယ့် အစားအစာနဲ့ သန့်ရှင်း သောက်သုံးရေက အလုံအလောက် မရှိကြဘူးလို့လည်း သိရပါတယ်။

















