ဆီးရီးယား ငြိမ်းချမ်းရေး မအောင်မြင်သေး

geneva_annan_
ဓာတ်ပုံ ပုံစာ, နိုင်ငံတကာ အထူးသံတမန် ကိုဖီအာနန်
ရေးသားခဲ့သည်။

ဆီးရီးယား ဆိုင်ရာ နိုင်ငံတကာ အထူးသံတမန် ကိုဖီအာနန်က ဆီးရီးယား နိုင်ငံအတွက် သူ့ရဲ့ ငြိမ်းချမ်းရေး အစီအစဉ် တွေဟာ အောင်မြင်မှု မရသေးဘူးလို့ ဆိုလိုက်ပါတယ်။

မစ္စတာ အာနန်က လောလောဆယ် ရရှိထားတဲ့ အထောက်အထား တွေအရတော့ ဆီးရီးယား က ပြဿနာ တွေကို အဆုံးသတ်နိုင်ဖို့ နိုင်ငံရေး နည်းနဲ့ ဖြေရှင်းဖို့ သူ့ရဲ့ ကြိုးပမ်းချက် တွေမအောင်မြင်ခဲ့ ဘူးလို့ ဆိုပါတယ်။

ပြင်သစ် သတင်းစာ တခုနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ မစ္စတာ အာနန်က ဆီးရီးယား သမ္မတ အာဆတ်ဒ်ရဲ့ မဟာမိတ် ဖြစ်တဲ့ အီရန်ကို နောင် ကျင်းပမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ထည့်သွင်းသင့်တယ်လို့ ဆိုပါတယ်။

တခြား သတင်းတခု မှာတော့ စနေနေ့က ဆီးရီးယား နိုင်ငံ တဝှမ်းမှာ လူပေါင်း ၅၀ ကျော် အသက်ဆုံးရှုံး ခဲ့ကြရတယ်လို့ အတိုက်အခံတွေ ဘက်က ပြောလိုက်ပါတယ်။