HIV ကူးစက်နှုန်း ကျတဲ့ ပထမဆုံး ဆေး

Truvada
ဓာတ်ပုံ ပုံစာ, ဒီဆေးကြောင့် ရောဂါ ကူးစက်နှုန်း ၇၅ ရာနှုန်း ကျဆင်း
ရေးသားခဲ့သည်။

HIV ကူးစက်နှုန်း ကျဆင်းစေတဲ့ ပထမဆုံး ဆေးကို အမေရိကန်မှာ ခွင့်ပြု လိုက်ပါပြီ။

Truvada ဆိုတဲ့ ဆေးကို HIV ပိုးရှိသူနဲ့ ကိုယ်လက် နှီးနှောမှုလို ကူးစက် နိုင်ခြေ များတဲ့ အခါမျိုးမှာ သုံးသင့်ပါတယ်။

ဆေးသောက်တာ အပြင် ကွန်ဒုံး သုံးတာ၊ HIV ပိုး ရှိမရှိ မှန်မှန် စစ်တာတွေလဲ လုပ်မှ ရောဂါကို ထိရောက်အောင် ကာကွယ် နိုင်တယ် အမေရိကန် ဆေးဝါး အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီဆေးကြောင့် ရောဂါ ကူးစက်နှုန်း ၇၅ ရာနှုန်း ကျဆင်း စေတယ်လို့ သုတေသီ တွေက ဆိုပါတယ်။