မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီး ရာထူးမှဖယ်ရှားခံရ

ဓာတ်ပုံ ရင်းမြစ်, AFP
မြောက်ကိုရီးယား အစိုးရမီဒီယာတွေထဲမှာ တိုင်းပြည်ရဲ့စစ်တပ်အကြီးအကဲ Ri Yong-hoကိုအာဏာရ အလုပ်သမားပါတီမှ ခေါင်းဆောင်ရာထူးတွေနဲ့ စစ်တပ်အကြီးအကဲ နေရာကနေ ဖယ်ရှား လိုက်တယ်လို့ ကြေညာသွားပါတယ်။
အခုလိုပုံမှန်မဟုတ်ဘဲကြေညာရာမှာ တနင်္ဂနွေနေ့တုန်းကပါတီအရာရှိ စည်းဝေးဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပြီး အမည်မဖေါ်ပြတဲ့ ကျန်းမာရေးကို နှုတ်ထွက်မှုအတွက် အကြောင်းပြသွားပါတယ်။ Ri Yong-hoကိုလွန်ခဲ့တဲ့ သုံးနှစ်က အရင်မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-ilက ခန့်အပ်ခဲ့တာဖြစ်ပြီး လက်ရှိခေါင်းဆောင် Kim Jong-unကို အာဏာလွှဲဖို့ အသွင်ကူးပြောင်းရေး ကာလမှာ အဓိကကျတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။
အကဲခတ်သမား တွေကတော့ နိုင်ငံရေးအာဏာ အားစမ်းရာမှာ စစ်တပ်အကြီးအကဲကို ရာထူးကဖယ်ရှားခံရတာလို့ သုံးသပ်ပါတယ်။
အသက်၃၀သာရှိသေးတဲ့ Kim Jong-unဟာတိုင်းပြည်အာဏာကို ယူခဲ့တာ ၆လပဲရှိချိန်မှာ အခုလိုစစ်ဦးစီးချုပ်တဦးကို တပ်ကရောပါတီကပါ ဖယ်ရှားလိုက်တာဟာ သူ့သြဇာကိုတပ်ရောပါတီကပါ ချုပ်ကိုင်မှာကို လိုလားပုံမရဘူးလို့ ပူဆန်တက္ကသိုလ်မှ ပါမောက္ခ ရောဘတ်ကယ်လီကပြောသွားပါတယ်။

















