ရုရှားမှာ နှစ်စဉ် လူသန်းတဝက်လောက် ဆေးလိပ်နဲ့ ပတ်သက်တဲ့ ရောဂါနဲ့ သေဆုံးနေရ

ရုရှား နိုင်ငံမှာ ဒီနေ့ ဇွန်လ တရက်နေ့ကစပြီး လူအများ သွားလာနေတဲ့ နေရာတချို့မှာ ဆေးလိပ် မသောက်ဖို့နဲ့ ဆေးလိပ် ကြော်ငြာတွေကို ထိန်းချုပ်တဲ့ ဆေးလိပ် သောက်မှု ဆန့်ကျင်ရေး ဥပဒေကို စတင် ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။
လုပ်ငန်းခွင် နေရာတွေ ၊ လူနေတိုက်တာ အဆောက်အဦရဲ့ အတက်အဆင်း လှေကား စင်္ကြန်တွေ ၊ ဘတ်စကားနဲ့ ရထားတွေပေါ်မှာ ဆေးလိပ်သောက်ဖို့ တားမြစ် ထားသလို ဘူတာရုံ ၊ လေဆိပ်တွေနဲ့ ၁၅ မီတာ အတွင်းကိုလည်း ဆေးလိပ် ကင်းမဲ့ရေး ဇုန် အဖြစ် သတ်မှတ် ထားပါတယ်။
အခုချိန်ကစလို့ တနှစ်အတွင်း ဒီတားမြစ်ချက်ကို စားသောက်ဆိုင်တွေ ၊ ယမကာ ဆိုင်တွေနဲ့ သင်္ဘော ၊ ရထား ခရီးရှည်တွေမှာလည်း ကျင့်သုံးတော့မှာ ဖြစ်သလို လမ်းနဘေးမှာလည်း ဆေးလိပ်မရောင်းရတော့ မှာ ဖြစ်ပြီး ဆေးလိပ်စျေးတွေ တိုးမြင့်တော့မှာ ဖြစ်ပါတယ်။
ရုရှားမှာ လူဦးရေရဲ့ ၄ဝ ရာခိုင်နှုန်း ဟာ ဆေးလိပ်သောက်ကြပြီး နှစ်စဉ် လူသန်းတဝက်လောက်ဟာ ဆေးလိပ်နဲ့ ပတ်သက်တဲ့ ရောဂါတွေနဲ့ သေဆုံးနေရပါတယ်။
















