စွမ်းအင်ရှာဖို့ ရှီကျင်းပင် ကယ်ရီဘီယံ ရောက်

ရေးသားခဲ့သည်။
တရုတ် သမ္မတ ရှီကျင်းပင်ဟာ Trinidad and Tobago ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဒါဟာ ကရီဘီယံ ဒေသက တိုင်းပြည်တခုကို သွားရောက်တဲ့ တရုတ်ခေါင်းဆောင်တယောက်ရဲ့ ပထမဆုံး ခရီး ဖြစ်ပါတယ်။
စွမ်းအင် ကဏ္ဍမှာ ပူးပေါင်း တိုးမြှင့် လုပ်ကိုင်သွားဖို့ကို နှစ်နိုင်ငံ ခေါင်းဆောင်တွေ အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
Trinidad and Tobago နိုင်ငံမှာ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ သယံဇာတွေ ကြွယ်ဝပြီး တရုတ် ဟာလည်း ကမ္ဘာပေါ်မှာ စွမ်းအင် အများဆုံး သုံးစွဲနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။
တရုတ် သမ္မတ မစ္စတာ ရှီဟာ ကော့စတာ ရီကာ ၊ မက္ကဆီကိုနဲ့ အမေရိကန် ပြည်ထောင်စု တို့ကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။
















