ရွေးကောက်ပွဲမှာ ရှုံးရင် ရာထူးက ဆင်းပေးမယ်လို့ မူဂါးဘေး ပြော

အာဏာ ရယူထားတာ ၃၃ နှစ်ရှိပြီ ဖြစ်တဲ့ သမ္မတ ရောဘတ် မူဂါးဘေး
ဓာတ်ပုံ ပုံစာ, အာဏာ ရယူထားတာ ၃၃ နှစ်ရှိပြီ ဖြစ်တဲ့ သမ္မတ ရောဘတ် မူဂါးဘေး
ရေးသားခဲ့သည်။

ဇင်ဘာဘွေ နိုင်ငံမှာ ဒီနေ့ ဗုဒ္ဓဟူး နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သူရှုံးရင် ရာထူးက ဆင်းပေးမယ်လို့ သမ္မတ ရောဘတ်မူဂါးဘေးက ပြောပါတယ်။

တကယ်တော့ တိုင်းပြည်မှာ ၃၃ နှစ်ကြာ အာဏာ ရယူထားတဲ့ မစ္စတာ မူဂါဘေးဟာ MDC ပါတီက ပြိုင်ဖက် ဝန်ကြီးချုပ် မော်ဂန် ရှန်ဂရိုင်းကို အနိုင်ရဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

မစ္စတာ မူဂါးဘေးရဲ့ ဇာနုပီအက်ဖ် ပါတီက မဲမသမာမှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲ ခံနေရပါတယ်။

ထောင်နဲ့ချီတဲ့ သေဆုံးသွားသူတွေရဲ့ နာမယ်တွေကို မဲပေးမယ့် သူတွေရဲ့ စာရင်းမှာ တွေ့ရတယ်လို့ သီးခြားလွတ်လပ်တဲ့ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့က ပြောပါတယ်။

မဲလိမ်မှုတွေနဲ့ ပတ်သက်တဲ့ ပြောဆိုချက်တွေကို ဇာနုပီအက်ဖ် ပါတီက ငြင်းဆိုခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ ရွေးကောက်ပွဲ မတိုင်ခင် စျေးဆိုင်တွေ စတင်ပိတ်ထားကြပြီး မြို့ပေါ်က လူအများအပြားဟာ မဲပေးဖို့ ကျေးလက်က နေရပ်တွေဆီ ပြန်သွားကြတယ်လို့ ဟရာရီ မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။