ယူကရိန်းမှာ အစိုးရ ထောက်ခံသူနဲ့ ဆန့်ကျင်သူတွေကြား တင်းမာမှုတိုးလာ

ရေးသားခဲ့သည်။
ယူကရိန်း နိုင်ငံ Kiev မြို့တော်မှာ သမ္မတ Viktor Yanukovych ကို ဆန့်ကျင်သူနဲ့ ထောက်ခံသူ ပြိုင်ဖက် အုပ်စုတွေကြား အပြိုင်အဆိုင် တရက်ကြာ ဆန္ဒပြခဲ့ပြီးတဲ့နောက် တဖက်နဲ့ တဖက် တင်းမာမှုတွေ တိုးပွား လာနေပါတယ်။
ဥရောပ သမဂ္ဂနဲ့ ပူးပေါင်းရေး စာချုပ် ချုပ်ဖို့ ငြင်းဆိုခဲ့ပြီးနောက် သမ္မတ အပေါ်မှာ ဖိအားပေးမှုတွေ ဆင့်ကဲဆင့်ကဲ ဖြစ်လာနေပါတယ်။
အစောပိုင်းတုန်းက အဓိကရုန်း နှိမ်နင်းရေး ရဲတွေက သမ္မတ ထောက်ခံသူတွေနဲ့ အစိုးရ ဆန့်ကျင် ဆန္ဒပြတဲ့သူတွေကို တသီးတခြားစီ ခွဲထုတ် ပေးခဲ့ရပါတယ်။
ဒီနေ့ တနင်္ဂနွေနေ့မှာ ထပ်မံ ဆန္ဒပြဖို့ ပြင်ဆင်နေကြနေပြီး ဒီပြဿနာ ငြိမ်းအေးသွားစေဖို့ အမေရိကန် ဆီးနိတ်တာ ဂျွန်မက်ကိန်း အပါအဝင် နိုင်ငံရေး သမားတွေက ကြား၀င် စေ့စပ်ပေးဖို့ ကြိုးစားနေကြပါတယ်။

















