မန်မိုဟန်ဆင်း တတိယ သက်တမ်းအတွက် အရွေးမခံ

အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက ဝန်ကြီးချုပ် တတိယ သက်တမ်း အတွက် သူ ဝင်အရွေးခံမှာ မဟုတ်တော့ဘူးလို့ ကြေညာ လိုက်ပါတယ်။
နယူးဒေလီမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မန်မိုဟန် ဆင်းက လာမယ့် မေလ ရွေးကောက်ပွဲမှာ သူ့ရဲ့ ကွန်ကရက် ပါတီ အနိုင်ရမယ် ဆိုရင် ခေါင်းဆောင်သစ်ကို အာဏာလွှဲပေးမှာ ဖြစ်တယ်လို့ ပြောကြား သွားပါတယ်။
ကွန်ကရက်ပါတီ ဒုတိယ ခေါင်းဆောင် ရာဟူးလ် ဂန်ဒီဟာ ထူးချွန်တဲ့ အရည်အချင်းရှိသူ လို့ မစ္စတာ ဆင်းက ပြောကြား သွားပါတယ်။
မစ္စတာ ဆင်းရဲ့ ညွန့်ပေါင်း အစိုးရဟာ အကျင့်ပျက် ခြစားမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် နာမည်ပျက် ရှိနေပေမယ့် မစ္စတာဆင်းကိုတော့ အိန္ဒိယရဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေအတွက် ဗိသုကာ အဖြစ် ရှုမြင်ရကြောင်းနဲ့ သူဟာ နိုင်ငံ တိုးတက်ကြီးပွားစေမယ့် လမ်းကြောင်းပေါ် တင်ပေးခဲ့သူ ဖြစ်ကြောင်း ဘီဘီစီ စီးပွားရေး ဆိုင်ရာ သတင်းထောက်က ပြောပါတယ်။

















