သမ္မတ ဆင်းသွားပေးမယ့် ရုန်းရင်းဆန်ခတ် ထပ်ဖြစ်

အလယ်ပိုင်း အာဖရိက သမ္မတ နိုင်ငံမှာ ပထမဆုံး မွတ်ဆလင် သမ္မတ Michel Djotodia ရာထူးက ဆင်းပေးခဲ့ပြီးတဲ့နောက် ထိပ်တိုက် ရင်ဆိုင်မှုတွေ ထပ်ဖြစ်ခဲ့တယ်လို့ သတင်းတွေ ရရှိပါတယ်။
မြို့တော် ဘော်န်ဂီက တချို့ နေရာတွေမှာ ဘလခါ လက်နက်ကိုင် ပြည်သူ့စစ်ကို ဆန့်ကျင်တဲ့ ခရစ်ယန်တွေနဲ့ မွတ်ဆလင်တွေ အဓိက ပါဝင်တဲ့ ဆယ်လီခါ လှုပ်ရှားမှု အဖွဲ့တွေကြား တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဆယ်လီခါ မွတ်ဆလင် လှုပ်ရှားမှု အဖွဲ့က လူတွေက မနှစ် မတ်လတုန်းက အာဏာ ရယူခဲ့တာဖြစ်ပါတယ်။
ပြင်သစ် ငြိမ်းချမ်းရေး တပ်ဖွဲ့တွေလည်း အပြန်အလှန် ပစ်ခတ်မှုထဲမှာ ပါဝင်ခဲ့ကြောင်း သိရပါတယ်။
အစောပိုင်းတုန်းကတော့ သမ္မတ ဂျိုတာဒီယား ရာထူးက နုတ်ထွက်သွားတဲ့ သတင်းကြောင့် ဘော်န်ဂီမြို့က ခရစ်ယာန်တွေ နေထိုင်တဲ့ အရပ်က လမ်းတွေပေါ်မှာ လူတွေက ကခုန်ခဲ့ကြပါတယ်။
ဘရပ်ဆဲလ် မှာတော့ ဥရောပ သမဂ္ဂက သံတမန်တွေက ငြိမ်းချမ်းရေး တပ်ဖွဲ့ တထောင်အထိ စေလွှတ်ဖို့ စီစဉ်နေကြပါတယ်။

















