ကမ္ဘာ့ စီးပွားရေး အဆိုးဆုံးအချိန် လွန်မြောက်ပြီ

ဓာတ်ပုံ ရင်းမြစ်, Reuters
ကမ္ဘာ့ဘဏ် အဖွဲ့ကြီးက အခုအခါ ကမ္ဘာ့ စီးပွားရေး အခြေအနေ တောင့်တင်း ခိုင်မာလာပုံ တွေ့ရပေမယ့် အမေရိကန် နိုင်ငံရဲ့ ပေါ်လစီတွေဟာ စီးပွားရေး တိုးတက်ရေး အတွက် အကြီးဆုံး အန္တရာယ် ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
ကမ္ဘာ့ဘဏ် အဖွဲ့ရဲ့ နှစ်ပတ်လည် သုံးသပ်ချက် အစီရင်ခံစာထဲမှာ စီးပွားရေး အကျပ်အတည်းကြီး ဖြစ်ပွားအပြီး ၅ နှစ်အကြာ အခုချိန်မှာ ချမ်းသာ ကြွယ်ဝတဲ့ နိုင်ငံတွေ အနေနဲ့ ဆိုးဝါးတဲ့ အခြေအနေတရပ်ကို လွန်မြောက်လာခဲ့ပုံမျိုး ရှိနေတယ်လို့ ဖေါ်ပြထားပါတယ်။
အပြန်အလှန်အားဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ စီးပွားရေး အလားအလာတွေကိုလည်း တိုးမြှင့်ပေးသင့်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အမေရိကန် ဗဟိုဘဏ်ကြီးက သူတို့ရဲ့ စီးပွားရေး တိုးမြင့်လာအောင် လှုံ့ဆော်ပေးမဲ့ စီမံကိန်းကို လျှော့ချလိုက်တဲ့အတွက် ကမ္ဘာတဝှမ်း အတိုးနှုန်းတွေ ထိုးတက်လာနိုင်ဖွယ် ရှိနေပြီး ငွေကြေး စျေးကွက်တွေအပေါ် အကြီးအကျယ် ထိခိုက်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

















