သီရိလင်္ကာ သတင်းစာ ဆရာမ အသတ်ခံရ

sri lanka
ဓာတ်ပုံ ပုံစာ, သီရိလင်္ကာ ရဲက စစ်ဆေးနေ
ရေးသားခဲ့သည်။

သီရိလင်္ကာ နိုင်ငံ ကိုလံဘို မြို့တော်က ထင်ရှားတဲ့ သတင်းစာ ဆရာမ တဦး နေအိမ်မှာ သတ်ဖြတ် ခံရပြီး သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။

သတင်းစာ ဆရာမ Mel Gunasekara ရဲ့ ရုပ်အလောင်းမှာ ချွန်ထက်တဲ့ လက်နက် ဒဏ်ရာတွေ တွေ့ရတယ်လို့ သီရိလင်္ကာ ရဲက ပြောပါတယ်။

မစ္စ Gunasekara ဟာ AFP သတင်း ဌာနရဲ့ သတင်းထောက် ဖြစ်ပြီး ၂ဝဝ၉ ခုနှစ်က ပြီးဆုံးသွားတဲ့ သီရိလင်္ကာ ပြည်တွင်းစစ် သတင်းတွေကို ရေးသား ပေးပို့ခဲ့ပါတယ်။

သူ့ သတင်းပေးပို့မှုတွေကြောင့် ဒီလို အသတ်ခံရတာလား ဆိုတာကိုလည်း ကွဲကွဲပြားပြား မသိရသေးဘူးလို့ သတင်းထောက် တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁ဝ နှစ် အတွင်း သီရိလင်္ကာမှာ သတင်းသမား တွေ သတ်ဖြတ်ခံရတာ တော်တော်များများ ရှိပြီး ဘယ်အမှု ကိုမှ စုံစမ်း ဖြေရှင်း နိုင်တာ မရှိသေးပါဘူး။