ဒုတိယ အကျော့ ဆွေးနွေးပွဲ ဆီးရီးယား ပါဝင်မယ်

ဓာတ်ပုံ ရင်းမြစ်, Getty
ရေးသားခဲ့သည်။
ရှေ့သီတင်းပတ် ဂျနီဗာမှာ ပြုလုပ်မယ့် နိုင်ငံတကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒုတိယ အကျော့မှာ ဆီးရီးယား အစိုးရက ပါဝင်မှာ ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့လက ဂျနီဗာမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ ညီလာခံရဲ့ ဒုတိယအကျော့ ဆွေးနွေးပွဲ အတွက် အစိုးရ ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ တက်ရောက်မှာ ဖြစ်တယ်လို့ ဆီးရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဖိုင်ဆယ် မက်ဒက်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။
အရင်လ ညီလာခံတုန်းက ဆီးရီးယား အစိုးရနဲ့ အတိုက်အခံတွေဟာ တခြား နိုင်ငံ ၄၀ က ကိုယ်စားလှယ်တွေနဲ့အတူ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ဆီးရီးယား ပြည်တွင်းစစ်ဟာ အခုဆိုရင် ၃ နှစ်နီးပါး ရှိလာနေပြီ ဖြစ်ပြီး လူပေါင်း ၁ သိန်းကျော် အသက်ဆုံးရှုံးခဲ့ရပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။

















