ဟုမ်းစ်မြို့က လူ ၃၀၀ ကျော် အစိုးရက ထိန်းသိမ်းထား

ဟုမ်းစ်မြို့က လွတ်မြောက်လာသူများ
ဓာတ်ပုံ ပုံစာ, ဟုမ်းစ်မြို့က လွတ်မြောက်လာသူများ
ရေးသားခဲ့သည်။

ဆီးရီးယား နိုင်ငံ ဟုမ်းစ်မြို့ကနေ ကယ်ထုတ် လာတဲ့ အမျိုးသားတွေနဲ့ ယောက်ျားလေး အယောက် ၃၀၀ ကျော်ကို ဆီးရီးယား အာဏာပိုင်တွေက ထိန်းသိမ်းထားတာနဲ့ ပတ်သက်ပြီး အဲဒီသူတွေအတွက် အထူး စိုးရိမ်ကြောင်း ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီတွေက ပြောပါတယ်။

ဆီးရီးယား အာဏာပိုင်တွေကတော့ အသက် ၁၅ နှစ်ကနေ ၅၅ နှစ်အရွယ်ကြား ဒီလူတွေကို ထိန်းသိမ်းထားတာဟာ စစ်ဆေးမှုတွေ လုပ်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

သူတို့ကို မေးမြန်းမှုတွေ လုပ်နေတဲ့ စာသင်ကျောင်းဝင်းထဲမှာတော့ ကုလသမဂ္ဂ ဝန်ထမ်းတွေ ရှိနေပါတယ်။ ဒါပေမယ်လို့ စစ်ဆေးမှုတွေ လုပ်နေတဲ့ အခန်းတွေ ထဲကိုတော့ ဝင်ခွင့်မရကြပါဘူး။

အခုအချိန်အထိတော့ လူပေါင်း ၄၁ ဦး ပြန်လွတ်လာပြီလို့ ဆိုပါတယ်။

ဂျနီဗာမှာတော့ ဆီးရီးယား အစိုးရနဲ့ အတိုက်အခံတွေရဲ့ စေ့စပ်ညှိနှိုင်းမှု ဆွေးနွေးပွဲတွေ စတင်နေပြီ ဖြစ်ပါတယ်။