ထိုင်း ရွေးကောက်ပွဲ ဇူလိုင်မှာ ကျင်းပဖို့ သဘောတူ

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်းနိုင်ငံမှာ ကာလတာရှည် ဖြစ်ပွားနေတဲ့ နိုင်ငံရေး ပဋိပက္ခတွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့ အနေနဲ့ လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေပါတယ်။
အဲဒီနေ့မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်နဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့ သဘောတူခဲ့ ကြတာပါ။
ရွေးကောက်ပွဲမှာ အဓိက အတိုက်အခံ ဒီမိုကရက်ပါတီ ဝင်ရောက် အရွေးခံမလား ဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။
ဖေဖော်ဝါရီ လတုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကိုတော့ ဒီမိုကရက်ပါတီ ဝင်မပြိုင်ဘဲ သပိတ်မှောက်ခဲ့ပြီး ဆန္ဒပြမှုတွေကြောင့် အခြေခံ ဥပဒေ တရားရုံးက အဲဒီ ရွေးကောက်ပွဲကို နောက်ပိုင်းမှာ ဖျက်သိမ်းလိုက်ပါတယ်။
ကြေးရတတ် နိုင်ငံရေး ပုဂ္ဂိုလ်တွေနဲ့ ဘန်ကောက်မြို့က လူလတ်တန်းစားတွေ အားပေးတဲ့ ဆန္ဒပြမှုတွေ ဖြစ်ခဲ့တဲ့ နိုဝင်ဘာလက စလို့ ထိုင်းအစိုးရအနေနဲ့ အာဏာ လက်ဝယ် ဆုပ်ကိုင်ထားဖို့ မနည်း ကြိုးစားနေရပါတယ်။

















