အာဖဂန် မြေပြိုမှု လူအများအပြား သေဆုံး

ဓာတ်ပုံ ရင်းမြစ်, f
ရေးသားခဲ့သည်။
အာဖဂန်နစ္စတန် နိုင်ငံ ရဲ့ အရှေ့မြောက်ဘက် ဒေသဖြစ် တဲ့ ဘာဒက်ခ်ရှမ်း မှာ မြေပြိုမှု ဖြစ်ပေါ် ခဲ့တာမှာ၊ အနည်းဆုံး လူ ၃၅၀ သေဆုံးသွားပြီး၊ အများအပြား ပျောက်ဆုံး နေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ က ပြောပါ တယ်။
အဲဒီ့ဒေသ မှာ၊ လေပြင်းကျ မိုးကြီးခဲ့ ပြီးတဲ့ နောက်၊ ကျေးရွာတစ်ခု အပေါ် တောင်ပြိုကျ ခဲ့တာ ဖြစ်ပါ တယ်။
အပျက်အစီးတွေ ကို ဖယ်ရှား တူးဖော်ပြီး၊ အသက်ရှင်သန် ကျန်ရစ် နိုင်သူတွေ ကို ရှာဖွေ ကယ်ဆယ်ဖို့ရာ၊ သူတို့မှာ လုံလောက် တဲ့ စက်ပစ္စည်း ကိရိယာ တွေ မရှိဘူး လို့၊ ကယ်ဆယ်ရေး လုပ်ဆောင် နေသူတွေ က ပြောပါတယ်။
အဲဒီ့ ဒေသဟာ၊ တာဂျစ်ကစ္စတန်၊ တရုတ်၊ ပါကစ္စတန် တို့နဲ့ နီးကပ်ပြီး၊ အာဖဂန်ရဲ့ အခေါင်သီဆုံး အရပ် တစ်ခု ဖြစ်ပါတယ်။

















