ကမ္ဘာ့ဖလား ကွင်းနား ဆန္ဒပြ သိမ်းပိုက်

Arena Corinthians
ဓာတ်ပုံ ပုံစာ, Arena Corinthians ကစားကွင်းကြီး
ရေးသားခဲ့သည်။

လာမယ့် ရက် ၄ဝ အတွင်း ကမ္ဘာ့ဖလား ဘောလုံးပွဲ ရဲ့ ပထမဆုံး ဘောလုံးပွဲ လက်ခံ ကျင်းပမယ့် ဘရာဇီး နိုင်ငံ Sao Paulo မြို့ ကစားကွင်း ကြီး နားက မြေကွက်လပ် တခုကို ရာနဲ့ချီတဲ့ ဆန္ဒပြ လူအုပ်ကြီး က စီးနင်း သိမ်းပိုက် ထားကြပါတယ်။

ဘရာဇီး နိုင်ငံ အနှံ့က အိုးမဲ့ အိမ်မဲ့ အလုပ်သမားများ လှုပ်ရှားမှု ပါဝင်တဲ့ မိသားစု တွေက ဒီနေရာကို သိမ်းပိုက် ကြတာ ဖြစ်ပြီး Arena Corinthians ကစားကွင်းကြီး ဆောက်လုပ်ရေး ကြောင့် ဒီနယ်မြေ မှာ အိမ်စျေး တွေ တက်လာလို့ သူတို့ အိမ်ခြေရာမဲ့ ဖြစ်ရတယ် လို့ ဒီထဲက လူတချို့ က ဆိုပါတယ်။

ကမ္ဘာ့ ဖလား ပွဲ အတွက် ပြည်သူပိုင် ဘဏ္ဍာ သုံးစွဲတဲ့ ပမာဏကို ဆန္ဒပြ သူတွေက မကျေနပ် ဒေါသထွက် နေကြတာ ဖြစ်ပါတယ်။

ဒါဟာ ကမ္ဘာ့ ဖလား ပွဲ ကုန်ကျ စရိတ်နဲ့ ပတ်သက်ပြီး ပေါ်ပေါက်နေတဲ့ ဆန္ဒပြပွဲ တွေထဲက နောက်ဆုံး ဖြစ်ပွားတဲ့ ဆန္ဒပြပွဲ တခု ဖြစ်ပါတယ်။