ရှင်ဖိန်း ခေါင်းဆောင် ကို ပြန်လွှတ်ပေး

ဓာတ်ပုံ ရင်းမြစ်, PA
လွန်ခဲ့တဲ့ အနှစ် ၄ဝ ကျော်က လူသတ်မှု တခုနဲ့ ဆက်စပ် ပြီး ရက်တော်တော် ကြာအောင် စစ်ဆေးပြီးတဲ့နောက် မြောက်အိုင်ယာလန် က အမျိုးသားရေး ဝါဒီ ရှင်ဖိန်း ပါတီ ခေါင်းဆောင် Gerry Adams ကို ပြန်လွှတ် ပေးလိုက်ပြီ ဖြစ်ပါတယ်။
မစ္စစ် Jean McConville ပြန်ပေးဆွဲ သတ်ဖြတ် ခံရမှု မှာ သူပါဝင် ပတ်သက်မှု မရှိကြောင်း ဘဲလ်ဖတ်စ် မြို့မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူက ပြောကြား ပါတယ်။
သူ့ကို ဖမ်းဆီးတဲ့ အချိန်က ဒေသတွင်းနဲ့ ဥရောပ ပါလီမန် ရွေးကောက်ပွဲ တွေနဲ့ အချိန် သိပ်မကွာတာ ကို သတိထားမိတယ် လို့လည်း မစ္စတာ Adams က ပြောပါတယ်။
မစ္စစ် McConville သေဆုံးမှု အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ရှင်ဖိန်း ပါတီ ခေါင်းဆောင် က မိသားစု ကိုပြောကြား ခဲ့ပေမယ့်လည်း ဒီအမှုမှာ သူ့ကို ဆွဲထည့် တာဟာ မရိုးမသား လုပ်ရပ် လို့ ဆိုပါတယ်။
မြောက်အိုင်ယာလန် လက်ရှိ အနေအထားက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေနဲ့ ဖီလာ ဆန့်ကျင် ဖြစ်နေတယ် လို့လည်း Mr Adams က သတိပေး လိုက်ပါတယ်။

















