ဗြိတိန် နန်းတွင်းစာလွှာတွေ ထုတ်ပြ

ရေးသားခဲ့သည်။
လန်ဒန် နားက ဝင်ဆာ ရဲတိုက်ကြီးမှာ ဗြိတိသျှ ဘုရင်အဆက်ဆက်ရဲ့ လက်ရေးစာမူ တွေကို ပထမဆုံး အကြိမ် အများပြည်သူကို ဒီကနေ့ ပြသပေးမှာ ဖြစ်ပါတယ်။
ဒီစာတွေထဲမှာ လန်ဒန်က ဘတ်ကင်ဟမ် နန်းတော်ကို ဘုရင်ပိုင် အဖြစ် ဝယ်ယူတဲ့စာ၊ ၁၆ ရာစုက ဘုရင်မ တပါးရဲ့စာနဲ့ ကမ္ဘာ စစ်ကြီးကို ကြုံတွေခဲ့တဲ့ ဘုရင် မိသားစုရဲ့ စာလွှာတွေ ပါဝင်ပါတယ်။
ဒီရှားပါး စာပေါင်း ၂ သန်းလောက်ကို ၁၉၁၄ ခုနှစ် ကတည်းက ဝင်ဆာ ရဲတိုက်မှာ သိမ်းဆည်းခဲ့တာ ဖြစ်ပြီး နှစ် ၁ဝဝ ပြည့် အမှတ်တရ ခုလို ထုတ်ပြ ပေးတာ ဖြစ်ပါတယ်။
အရင်က ပညာရှင် အနည်းငယ်သာ ကြည့်ရှုခွင့် ရခဲ့ပြီး ပြင်ပလူတွေ မမြင်ဖူးတဲ့ စာလွှာတွေ ကို ပထမဆုံး အကြိမ် ထုတ်ပြတာ ဖြစ်ပါတယ်။

















