D Day နေ့ အကြို စစ်ပြန်ကြီးတွေ တက်ရောက်

ဓာတ်ပုံ ရင်းမြစ်, PA
ရေးသားခဲ့သည်။
ပြင်သစ်နိုင်ငံ မြောက်ပိုင်းမှာ ပြုလုပ်နေတဲ့ လွန်ခဲ့တဲ့ နှစ် ၇၀ က မဟာမိတ် တပ်တွေ ဥရောပကို ချဉ်းနင်း ဝင်ရောက်ခဲ့တဲ့ D Day နေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက တာဝန် ထမ်းဆောင် ခဲ့တဲ့ စစ်ပြန်ကြီးတွေ တက်ရောက်နေပါတယ်။
အသက် ၉၀ ကျော်တွေ အများစု ဖြစ်တဲ့ စစ်ပြန်ကြီးတွေဟာ ဂျာမန် တပ်ဖွဲ့တွေရဲ့ ခုခံမှုကြောင့် ထောင်နဲ့ ချီ သေဆုံးခဲ့ရတဲ့ နော်မန်ဒီ ကမ်းခြေကို ရောက်လာခဲ့ကြပါတယ်။
အဲဒီမှာ ကျဆုံး ရဲဘော်တွေ ထားရှိရာ သင်္ချိုင်းကိုလည်း သူတို့ သွားရောက် ဂါရဝ ပြုခဲ့ကြပါတယ်။
ပွဲကို တက်ရောက်လာတဲ့ ဗြိတိန် အိမ်ရှေ့စံ ချားလ်စ် မင်းသားကလည်း စစ်ပြန်ကြီးတွေကို တွေ့ဆုံခဲ့ပါတယ်။
ဒီကနေ့က D Day အကြိုနေ့ဖြစ်ပြီး တကယ့် အခမ်းအနားကြီးကိုတော့ မနက်ဖြန် သောကြာနေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

















