ဂျာမနီ ဝန်ကြီးချုပ် ဖုန်းခိုးနားထောင်ခံရမှု စစ်တော့မယ်

Angela Merkelရဲ့ ဖုန်းကို အမေရိကန် ထောက်လှမ်းရေးက ကြားဖြတ် နားထောင်တယ်လို့ ဆို
ဓာတ်ပုံ ပုံစာ, Angela Merkelရဲ့ ဖုန်းကို အမေရိကန် ထောက်လှမ်းရေးက ကြားဖြတ် နားထောင်တယ်လို့ ဆို
ရေးသားခဲ့သည်။

ဂျာမနီနိုင်ငံမှာ ဝန်ကြီးချုပ် Angela Merkelရဲ့ မိုဘိုင်း ဖုန်းကို ကြားဖြတ် နားထောင်တယ် ဆိုတဲ့ ကိစ္စမှာ ဆက်နွယ် ပတ်သက်နေမှုနဲ့ ဘယ်သူဘယ်ဝါ မသိရသူတွေ အပေါ် စုံစမ်းစစ်ဆေးမှုတခု ဂျာမနီ အစိုးရ အမှုလိုက်ရှေ့နေတွေက စတင် ပြုလုပ်တော့မှာ ဖြစ်ပါတယ်။

ဂျာမနီ ဝန်ကြီးချုပ်ရဲ့ ဖုန်းကို အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီက ကြားဖြတ် ခိုးယူ နားထောင်ခဲ့တယ် ဆိုတာ မနှစ်က ပေါက်ကြား ပေါ်ထွက်လာခဲ့ရာမှာ အမေရိကန်နဲ့ ဂျာမနီ နှစ်နိုင်ငံအကြား ဆက်ဆံရေး ထိခိုက်ခဲ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် ထောက်လှမ်းရေး သူလျှို Edward Snowden က လူသိရှင်ကြား ဖွင့်ချခဲ့တာပါ။

စုံစမ်း စစ်ဆေးမှုတွေ လုပ်မယ့် ဖယ်ဒရယ် အမှုလိုက် ရှေ့နေက ဒီအမှုမှာ Edward Snowden ကို အသိသက်သေအဖြစ် ထွက်ဆိုခိုင်းသင့် မသင့် သူ့အနေနဲ့ မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။