ဂျပန် နျူဓာတ်ပေါင်းဖို ၂ခုကို ပြန်လည် ခွင့်ပြု

ဓာတ်ပုံ ရင်းမြစ်, AP
ရေးသားခဲ့သည်။
ဂျပန်နိုင်ငံ နိုင်ငံ တောင်ပိုင်းမှာ နျူကလီယား ဓာတ်ပေါင်းဖို ၂ခုကို ပြန်လည် စတင် လည်ပတ်ဖို့ ဂျပန်ရဲ့ နျူးကလီယား စည်းမျဉ်း စည်းကမ်း ဆိုင်ရာ အာဏာပိုင်တွေက ခွင့်ပြု လိုက်ပါတယ်။
ဒီ ဓာတ်ပေါင်းဖို ၂ခုဟာ ၂၀၁၁ ခုနှစ်က ဖူကူရှီးမား နျူကလီယား စက်ရုံ ထိခိုက် ပျက်စီးခဲ့လို့ နိုင်ငံ တဝန်းက ဓာတ်ပေါင်းဖိုတွေကို ပိတ်ထားခဲ့ရပြီး နောက်ပိုင်းမှာ ပထမဆုံး ပြန်လည် လည်ပတ်ခွင့်ရမယ့် စက်ရုံတွေ ဖြစ်ပါတယ်။
ဂျပန်ပြည်သူတွေရဲ့ အမြင် သဘောထားတွေကို အချိန်အတော်ကြာ ရယူ တိုင်ပင်ပြီး စာမျက်နှာ ၄၀၀ ရှိတဲ့ အစီရင်ခံစာ တစ်ခုကို ထုတ်ပြန် ခဲ့ပြီးနောက်မှာ အခုလို ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
ဒါပေမယ့် စက်ရုံ လက်တွေ့ လည်ပတ်ဖို့ စည်းမျဉ်း စည်းကမ်းတွေကို ထပ်မံ ဖြတ်သန်းရမှာ ဖြစ်လို့ အခုနှစ်ကုန် မတိုင်ခင်မှာတော့ ဓာတ်ပေါင်းဖိုတွေ လည်ပတ်နိုင်ဦးမှာ မဟုတ်ပါဘူး။
















