IS တွေကို လေကြောင်းတိုက်ခိုက် နေတာထဲ ကနေဒါ ပူးပေါင်း နိုင်ဖို့ ပြင်ဆင်

ဓာတ်ပုံ ရင်းမြစ်,
အီရတ် နိုင်ငံ အတွင်း IS အဖွဲ့ ကို အမေရိကန် ဦးဆောင် တဲ့ နိုင်ငံတကာ တပ်တွေ က လေကြောင်း တိုက်ခိုက်မှု တွေ လုပ်ဆောင် နေကြတာ မှာ အခုဆို ကနေဒါ နိုင်ငံ ကလည်း အားဖြည့် ပါဝင် နိုင်ဖို့ ကြိုးစား ပြင်ဆင် လာနေပြီ ဖြစ်ပါတယ်။
အီရတ်ကို တိုက်လေယာဉ် တွေ အပါအဝင် တခြား အမျိုးအစား လေယာဉ် တွေ စေလွှတ်နိုင်ဖို့ ပါလီမန် ကနေ ခွင့်ပြုချက် တောင်းခံသွားမယ် လို့ ကနေဒါ ဝန်ကြီးချူပ် Stephen Harper က ပြောလိုက် ပါတယ်။
ဒီလို လေတပ် အင်အားတွေ ကို ၆ လတာ အကြာအထိ စေလွှတ် ပေးဖို့ ရည်ရွယ် ထားကြောင်း နဲ့ မြေပြင် တပ်တွေတော့ ပါဝင်မှာ မဟုတ်ဘူးလို့ မစ္စတာ Harper က ဆိုပါတယ်။
လာမယ့် တနင်္လာနေ့ မှာ ဒီ အရေးနဲ့ ပတ်သက်ပြီး ကနေဒါ ပါလီမန်ထဲ မဲခွဲ ဆုံးဖြတ်ကြတဲ့ အခါ အတိုက်အခံ ပါတီတွေက ကန့်ကွက်မယ် လို့ ပြောနေ ကြပေမယ့်၊ အာဏာရ ပါတီကပဲ ပါလီမန်ထဲ နေရာ အများဆုံး ရထားတာ ဖြစ်တဲ့ အတွက် အီရတ်ကို လေတပ် စေလွှတ်ရေး အဆို အောင်မြင် နိုင်မယ် လို့ ယူဆရ ပါတယ်။

















