ဟောင်ကောင် ဆန္ဒပြ အင်အား အနည်းငယ်ကျန်

ဓာတ်ပုံ ရင်းမြစ်, Reuters
ရေးသားခဲ့သည်။
ဟောင်ကောင်မှာ တနင်္လာနေ့ ရုံးတွေ ပြန်ဖွင့်ပြီမို့ ဝန်ထမ်းတွေ အစိုးရ ဌာနချုပ်မှာ ရုံးပြန်တက်နေကြ ပြီ ဖြစ်ပါတယ်။
လမ်းတွေပေါ်မှာ ညအိပ် စခန်းချ ခဲ့တဲ့ ဆန္ဒပြသူ ရာဂဏန်း လောက်ပဲ ကျန် ရှိတော့တာမို့ ပြီးခဲ့တဲ့ ရက်တွေနဲ့ စာရင် အများကြီး လျော့နည်း သွား ပါတယ်။
တပတ်ကျော် ပိတ်ဆို့ထားတာတွေကို တနင်္လာနေ့ မနက်မှာ ဖယ်ရှား ပစ်မယ်လို့ အစိုးရ က ခြိမ်းခြောက်ခဲ့ပေမယ့် ရဲ အင်အားသုံး စွက်ဖက်မယ့် အရိပ် အယောင် မတွေ့ရ ပါဘူး။
၂ဝ၁၇ ခုနှစ် ရွေးကောက်ပွဲမှာ တရုတ် အစိုးရက ကိုယ်စားလှယ် လောင်း ရွေးချယ်မယ့် စနစ်ကို ဆန္ဒပြ သူတွေက ကန့်ကွက် နေကြတာ ဖြစ်ပါတယ်။

















