အမေရိကန်နဲ့ ဗြိတိန် စစ်စခန်းတွေ အာဖဂန်မှ ရုပ်သိမ်း

အာဖဂန်မှာ ဗြိတိသျှ စစ်စခန်းရုပ်သိမ်းစဉ်
ဓာတ်ပုံ ပုံစာ, အာဖဂန်မှာ ဗြိတိသျှ စစ်စခန်းရုပ်သိမ်းစဉ်
ရေးသားခဲ့သည်။

၂၀၀၆ခုနှစ် ကတည်းက Helmand ပြည်နယ်မှာ ဗြိတိသျှတို့ရဲ့ ယူနီယံဂျက် အလံလွှင့်ထူလာခဲ့တာ အခုတော့ Bastion စစ်အခြေစိုက် စခန်းမှာ သာမန် အခမ်းအနားတခုနဲ့ နောက်ဆုံး အလံတိုင်ထိပ်က နေဖြုတ်ချ လိုက်ပါပြီ။ ဒါဟာ ဗြိတိန်နိုင်ငံ အတွက်တော့ အာဖဂန် စစ်ပွဲပြီးဆုံး သွားပြီဆိုတဲ့ သင်္ကေတလို့ အဓိပ္ပါယ် ယူလို့ရပါတယ်။

ဒီအခမ်းအနားမှာ အမေရိကန် မရိန်းတပ်သားတွေ အာဖဂန်စ စ်သားတွေက ဂုဏ်ပြုတပ်ဖွဲ့အနေနဲ့ တက်ရောက်ပြီး သုံးနိုင်ငံ အမျိုးသား သီချင်းတွေနဲ့အတူ အလံတော်ကို အလေးပြု ခဲ့ကြပါတယ်။

အာဖဂန် စစ်ပွဲတွေအတွင်း ဗြိတိသျှ တပ်သား ၄၅၀ကျော် သေးဆုံးခဲ့ပါတယ်။ အခုအခါ အာဖဂန် လုံခြုံရေး အဖွဲ့တွေက စတင်ပြီး တိုက်ခိုက်မှုတွေ အတွက်တာဝန် ယူကြမှာ ဖြစ်ပါတယ်။ အခုအချိန်အထိ အာဖဂန် တပ်ဖွဲ့ဝင်ပေါင်း ၄၀၀၀လောက် သေဆုံးရပြီဖြစ်ပါတယ်။

စခန်း စဖွင့်တုန်းကတော့ ယူကေ အစိုးရက တိုင်းပြည် ပြန်လည် တည်ဆောက်ရေးအတွက် ကာကွယ်ဖို့ လို့ပြောခဲ့ပေမယ့် တာလီဘန်တွေကို ခုံခံရတဲ့ တိုက်ပွဲတွေနဲ့ ရင်ဆိုင်ရုန်းကန် ခဲ့ကြရပါတယ်။ အခုအချိန်အထိလည်း တာလီဘန်တို့ရဲ့ ခြိမ်းချောက်မှု ရှိနေတုန်းဘဲလို့ကာကွယ်ရေး ဝန်ကြီးက ဝန်ခံသွားပါတယ်။

ခရစ္စမတ်အမီ ယူကေတပ် အားလုံးနီးပါး ပြန်လာပြီး အရာရှိ သင်တန်းတွေပေးဖို့ အနည်းငယ်ဘဲ ကျန်မယ်လို့ ကာကွယ်ရေး ဝန်ကြီး ကပြောပါတယ်။ ဘယ်လို အခြေအနေမျိုးမှာမှ အာဖဂန်ကို တိုက်ခိုက်ရေး တပ်ဖွဲ့တွေ ပြန်လွှတ်မှာ မဟုတ်ဘူး လို့လည်းသူက ပြောပါတယ်။ ဗြိတိသျှစခန်းနဲ့ ဆက်နေတဲ့ အမေရိကန်တို့ရဲ့ အခြေစိုက်စခန်း Camp Leatherneck ကိုလည်း အာဖဂန်တို့ကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။